ယမန်နေ့ညမှာ ကစားခဲ့တဲ့ စပယ်လ်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲမှာ ပွဲထွက် ပါဝင် ကစားခွင့်ရရှိခဲ့တ​ဲ့ ပေါ်တူဂီနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူး စီရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ကစားခဲ့ရတဲ့ပွဲစဉ်ဟာ ပွဲ ၁၀၀၀ ပြည့်သွားခဲ့ပြီလို့ သိရပါတယ်။ အသက် ၃၅နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စီရိုနယ်ဒိုဟာ သူ့ရဲ့ ပွဲ၁၀၀၀ပြည့်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ကစားသမားဘဝ အကောင်းဆုံး ဂိုးသွင်းစံချိန်ကိုလည်း လိုက်မှီခဲ့ပါတယ်။

Photo Credit: Standard.com

 

ကစားသမားဘဝမှာ စပို့တင်းအသင်း ၊ မန်ယူအသင်း ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ် အသင်းတို့လို သက်ဆိုင်ရာလိဂ်တွေမှာ ထိပ်တန်းအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အသင်းတွေမှာ ကစားခွင့်ရခဲ့တဲ့ ရိုနယ်ဒိုဟာ သူ့ရဲ့ ခြေစွမ်းကို အကောင်းဆုံးအနေအထား တစ်ရပ်မှာ ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် အခုလို ကစားသမားဘဝမှာ ပွဲ၁၀၀၀ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲ၁၀၀၀ပြည့်မြောက်တဲ့ ပွဲမှာတော့ စီရိုနယ်ဒိုဟာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး စီးရီးအေမှာ ၁၁ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန် မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။

Photo Credit: Standard.com

ဒါ့အပြင် လိဂ်ပွဲတွေမှာ ၁၁ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းဟာ ရိုနယ်ဒိုရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးဂိုးသွင်းမှတ်တမ်း တစ်ခုဖြစ်ကာ ၂၀၁၄ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် လာလီဂါမှာ ၁၁ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့အပြီး အဆိုပါစံချိန်ကို ပြန်မရခဲ့ပေမယ့် သူ့ရဲ့ပွဲ၁၀၀၀ပြည့်မြောက်တဲ့ ပွဲစဉ်မှာတော့ ရိုနယ်ဒိုဟာ အဆိုပါစံချိန်ကောင်းကို ပြန်လည် လိုက်မှီနိုင်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ လက်ရှိ စီးရီးအေဘောလုံးရာသီမှာ ဂျူဗင်တပ်အတွက် ၂၁ပွဲ ပါဝင်ကစားထားပြီး ၂၁ဂိုးသွင်းယူထားနိုင်ကာ ၂ဂိုးဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။