စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ ဘောလုံးဇာတ်ခုံပေါ်ကို စတင်ပြီးတော့ တက်လှမ်းလာခဲ့ပြီး မန်ယူအသင်း ၊ ရီးရဲလ်အသင်းတို့နဲ့အတူ ဆုဖလားအောင်မြင်မှုပေါင်း များစွာကို ရယူထားနိုင်ခဲ့တဲ့ ပေါ်တူဂီသား ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ ကစားခဲ့ကြတဲ့ စီးရီးအေပွဲစဉ်မှာ ဝင်ရောက် ကစားခဲ့အပြီး စီနီယာကစားသမားဘဝမှာ ပွ​ဲ ၁၀၀၀ပြည့်သွားခဲ့ပြီ လို့ သိရပါတယ်။ ရိုနယ်ဒိုရဲ့ ပွဲ၁၀၀၀ပြည့်မြောက်တဲ့ အဆိုပါပွဲစဉ်မှာ သူ့ရဲ့ ဂျူဗင်တပ်အသင်းဟာ အင်တာမီလန်အသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Standard.com

ဂျူဗင်တပ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ​့ အဆိုပါပွဲစဉ်ဟာ စီးရီးအေချန်ပီယံဆုနဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ကာ အဆိုပါပွဲမှာ ရိုနယ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် အသင်းရဲ့နိုင်ပွဲအတွက်တော့ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ အဆိုပါပွဲမှာ ရမ်ဆေးရဲ့ ၅၅မိနစ်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ဂျူဗီအသင်းအတွက် နောက်ထပ်သွင်းဂိုးကိုတော့ ပွဲကစားချိန် ၆၇မိနစ်မှာ ဒိုင်ဘာလာက သွင်းယူပေးခဲ့တာပါ။ အသက် ၃၅နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ငါးကြိမ်အထိ ရရှိထားသူဖြစ်ပြီး ရွှေဘောလုံးဆု ၊ ဥရောပရွှေဖိနပ်ဆု အပါအဝင် ဆုတွေများစွာကို ရယူထားခဲ့သူပဲ ဖြစ်ပါတယ်​။

Photo Credit: Standrad.com

ရိုနယ်ဒိုဟာ သူ့ရဲ့ စီနီယာကစားသမားဘဝ ပွဲပေါင်း ၁၀၀၀ပြည့်တဲ့အချိန်မှာ သွင်းဂိုးပေါင်း ၇၂၆ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အဓိက ဆုဖလား ၃၁ ခုကိုလည်း ရရှိခဲ့သူပါ။ အသက် ၃၅နှစ်အရွယ် စီရိုနယ်ဒိုဟာ လက်ရှိဘောလုံးရာသီမှာလည်း ဂျူဗင်တပ်အသင်းအတွက် စီးရီးအေပွဲစဉ် ၂၂ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၁ဂိုးသွင်းယူပေးထားခဲ့ပြီး ၃ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပွ​ဲ ၁၀၀၀ဆိုတဲ့ ပမာဏဟာ တော်ရုံထိပ်တန်း ကစားသမားတွေ ရယူနိုင် ၊ ကစားနိုင်တဲ့ ပမာဏတစ်ခု မဟုတ်တာကြောင့် ရိုနယ်ဒိုက ဒီစံချိန်မှတ်တမ်းအတွက် ဂုဏ်ယူနေမှာ သေချာပါတယ်။ Congraculationပါ စီရိုနယ်ဒိုရေ….။ နောက်ထပ် ပွဲပေါင်းများစွာကိုလဲ ထပ်ပြီး ကစားနိုင်ပါစေ….။