MySport Myanmar

မန်ယူနဲ့ ပွဲစဥ်မှာ ဘာစီလိုနာအတွက် ပွဲဦးထွက်ခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုရဲ့ သား

ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရော်နယ်လ်ဒင်ဟိုရဲ့ သားဖြစ်သူ ဂျာအိုမန်းဒက်စ်ဟာ ဘာစီလိုနာ ယူ-၁၉ အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ယူ-၁၉ အသင်းတို့ ယှဥ်ပြိိိုင်ကစားသွားခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Bola Times

အသက်(၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဂျာအိုမန်းဒက်စ်ဟာ ဘာစီလိုနာ legend ကြီး ရော်နယ်လ်ဒင်ဟိုရဲ့ သားဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ပါဝင်ကစားသူလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းရဲ့ လူငယ် အကယ်ဒမီမှာ ဘောလုံးပညာ သင်ယူခဲ့တဲ့ မန်ဒက်စ်ဟာ ခရူဇီယိုအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုဖြစ်ခဲ့ရင်း ခရူဇီယိုနဲ့ (၄)နှစ်နီးပါး ဖြတ်သန်းပြီးချိန်မှ အသင်းနဲ့ လမ်းခွဲပြီး သူ့ဖခင်ရဲ့ အသင်းဟောင်း ဘာစီလိုနာမှာ ခြေစွမ်းပိုင်းတွေ လာရောက် စမ်းသပ်ဖြစ်ခဲ့ပါတယ်။

Photo Credit : Youtube

ဘာစီလိုနာ ယူ-၁၉ အသင်းမှာ ပါဝင်နိုင်ဖို့ ခြေစွမ်းပိုင်း အစမ်းသပ်ခံနေစဥ်အတွင်း အသင်းနည်းပြတွေ သဘောကျအောင် မလုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာက ရော်နယ်လ်ဒင်ဟိုနဲ့လည်း အလွန် ရင်းနှီးတာကြောင့် trail ကာလကို ထပ်ပြီး တိုးမြှင့်ပေးဖို့ တောင်းဆိုပေးခဲ့တဲ့အပြင် သူရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာလည်း မန်ဒက်စ်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်းပါ အတည်ပြုထားခဲ့ပါတယ်။ ဒါကြောင့် မန်ဒက်စ်ဟာ မန်ယူနိုက်တက် ယူ-၁၉အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ Ciudad Deportiva Joan Gamper တံခါးပိတ် ခြေစမ်းပွဲစဥ်မှာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီခြေစမ်းပွဲဟာ UEFA Youth Cup ပွဲစဥ်မတိုင်ခင် အကြို ကစားထားခဲ့တဲ့တာဖြစ်ပြီး ယူ-၁၉(A)အသင်းနဲ့ (B)အသင်းတို့ကို တစ်သင်းတည်း အတူ ယှဥ်ပြိုင်စေတာ ဖြစ်ပါတယ်။

Exit mobile version