တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိ အချိန်အထိ ဘောလုံးကို အနုပညာနဲ့ ကစားပြနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးလ်သားကြီး ရော်နယ်ဒင်ဟိုကတော့ အသက်၄၀ ပြည့် သွားခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် ဒီတစ်နှစ် မွေးနေ့ပွဲကတော့ ရော်နယ်ဒင်ဟိုအတွက် အတော်လေးကို အမှတ်ရစရာ ဖြစ်သွားမှာ ဖြစ်ပြီး ပျော်ပျော်နေတတ်ကာ ပါတီတွေ ပေးလေ့ရှိတဲ့ ဘရာဇီးလ်ရဲ့ ဘောလုံးကဝေကြီးဟာ ဒီတစ်နှစ်မွေးနေ့ပွဲကိုတော့ ပါရာဂွေးနိုင်ငံမှာ ရှိတဲ့ အကျဉ်းထောင်တစ်ခုရဲ့ ဘားမှာသာ ကျင်းပရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Irish Time.com

မတ်လ ၂၁ရက်နေ့ ၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ရော်နယ်ဒိုဟိုဟာ ယနေ့မှာ အသက် ၄၀ ပြည့်သွားခဲ့တာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်ခန့်မှာ ပါရာဂွေးနိုင်ငံထဲကို နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ကာ ဝင်ခဲ့တာကြောင့် တရားစွဲဆိုခံထားရပြီး လက်ရှိမှာတော့ အကျဉ်းချခံထားရပါတယ်။ ဘရာဇီးလ်သတင်းဌာနတွေရဲ့ အဆိုအရတော့ ရော်နယ်ဒိုဟိုဟာ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ထင်ရှားတာကြောင့် ၆လထက်မနည်း ထောင်ဒဏ်ကျခံရမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပြီး တချို့သတင်းဌာနတွေကတော့ ရော်နယ်ဒင်ဟိုဟာ တစ်နှစ် ထက် ပိုတဲ့ ထောင်ဒဏ်ကျခံရမှာဖြစ်တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

Photo Credit: Irish Time.com

ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမယ့် ငွေအသုံးအဖြုန်း ကြီးမှုတွေ ၊ မယုံကြည်သင့်တဲ့လူတွေကို ယုံကြည်မှုတွေ ၊ ငွေကို စေ့စပ်စွာ မသုံးခဲ့တာတွေကြောင့် လက်ရှိအချိန် မှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့တဲ့ ရော်နယ်ဒင်ဟို အတွက် လက်ရှိအချိန်ဟာ အလွန်ကို ခက်ခဲတဲ့ အချိန်တစ်ခုဖြစ်နေပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ပါရာဂွေးအကျဉ်းထောင်မှာ ရှိတဲ့ လူတွေအားလုံးနီးပါးဟာ ရော်နယ်ဒင်ဟိုရဲ့ ပရိသတ်တွေဖြစ်ကြပြီး လက်ရှိအချိန်မှာလဲ ဒင်ဟိုကို ထောင်ထဲမှာ ဟိုတယ်တစ်ခုမှာ ရောက်နေသလို ကောင်းမွန်စွာ ထားထားကြကာ မွေးနေ့ပွဲကိုလည်း ထောင်တွင်းရှိ ဘားထဲမှာ ကျင်းပပေးမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။