ဘရာဇီး ဂန္တာဝင် ကစားသမားဟောင်း ရော်နယ်ဒင်ဟို နဲ့ သူ့ရဲ့ အစ်ကိုဖြစ်သူ ရော်ဘတ်တိုဟာ အာမခံကြေး ဒေါ်လာ (၁.၆) သန်း မြန်မာငွေနဲ့ ကျပ် သန်း (၂) ထောင်ကျော် ပေးခဲ့တာကြောင့် ထောင်က လွှတ်လာခဲ့ပေမဲ့ ဟိုတယ်မှာ နေအိမ် အကျယ်ချုပ် (House Arrest) နဲ့ ထိန်းချုပ်ခံရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကြယ်ပွင့် ကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ အစ်ကို ရော်ဘတ်တိုနဲ့ အတူ ပါရာဂွေးနိုင်ငံကို နိုင်ငံကူး လက်မှတ်အတုနဲ့ ဝင်ရောက်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး သူတို့နှစ်ဦးကို ပါရာဂွေးအစိုးရက ထောင်ဒဏ် (၆) လကြာ ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

တရားရုံး တရားသူကြီး ဂတ်စတာဗို အမာရီလာ (Gustavo Amarilla) ကတော့ ရော်နယ်ဒင်ဟို နဲ့ သူ့ရဲ့ အစ်ကို ရော်ဘတ်တိုတို့ကို ထောင်ထဲမှာ (၃၂) ရက်ကြာ၊ (၁) လကျော်ရုံ ထိန်းချုပ်ပြီးတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ကို အာမခံကြေးနဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို နဲ့ သူ့ရဲ့ အစ်ကို ရော်ဘတ်တိုဟာ တစ်ယောက်ချင်းစီအတွက် ဒေါ်လာ (၈) သိန်းစီ ပေးရတာကြောင့် နှစ်ယောက်ပေါင်း ဒေါ်လာ (၁.၆) သန်း ပေးရတာ ဖြစ်ပြီး မြန်မာငွေနဲ့ ဆိုရင် ကျပ် သန်း (၂) ထောင်ကျော် ပေးခဲ့ရတာကြောင့် အာမခံချက်နဲ့ ပြန် လွှတ်လာခဲ့ကြပါတယ်။

Photo Credit: Dailymail

ရော်နယ်ဒင်ဟို နဲ့ သူ့အစ်ကို ရော်ဘတ်တိုဟာ အာမခံချက်နဲ့ လွှတ်လာပြီး နေအိမ်အကျယ်ချုပ် နေရမှာ ဖြစ်တာကြောင့် ပါရာဂွေး အစိုးရက သူတို့နှစ်ယောက်စလုံးကို ပါရာဂွေးနိုင်ငံရဲ့ မြို့တော် (Asuncion) မြို့မှာ နေထိုင်ရမှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုတို့ရဲ့ ညီအစ်ကို နှစ်ယောက်ဟာ ပါရာဂွေးနိုင်ငံ မြို့တော်၊ Asuncion မြို့ပေါ်က “Hotel Palmaroga” ဟိုတယ်မှာ အကျယ်ချုပ်နေကြရမှာ ဖြစ်ပြီး အဲဒီဟိုတယ်ကတော့ သူတို့ (၁) လကြာ နေခဲ့ရတဲ့ အကျဉ်းထောင်နဲ့ (၂) မိုင်သာ ကွာဟတာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို နဲ့ သူ့ရဲ့ အစ်ကို ရော်ဘတ်တိုဟာ အာမခံကြေးနဲ့ ထောင်ထဲက လွတ်လာခဲ့ပြီ ဖြစ်ပြီး လက်ရှိမှာတော့ ဟိုတယ်မှာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းချုပ်ခံကြရဦးမှာ ဖြစ်တာကြောင့် အများကြီး သက်သာသွားပါပြီ။