နာမည်ကြီး ဘရာဇီးလ်လက်ရွေးစင် ဘောလုံးကစားသမားသမားဟောင်းကြီး ရော်နယ်ဒင်ဟိုဟာ သူရဲ့ညီအစ်ကိုတော်စပ်သူတစ်ဦးနဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပါရာဂွေးနိုင်ငံအတွင်းကို ပတ်စ်ပို့တ်အတု ကိုင်ဆောင်ပြီး ဝင်ရောက်လာခဲ့မိလို့ ပါရာဂွေးရဲတပ်ဖွဲ့ဝင်တွေရဲ့ ရှာဖွေစစ်ဆေးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်မှာလည်း ဖမ်းဆီးထိန်းသိမ်းခံနေရကာ တကယ်လို့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒင်ဟိုရော သူရဲ့အစ်ကိုဖြစ်သူရောပါ ထောင်ဒဏ် (၆)လအထိကို ချမှတ်ခံရဖွယ်ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit :

အသက်၃၉နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံအတွင်းမှာ ရန်ပုံငွေပွဲတွေနဲ့ စာအုပ်မိတ်ဆက်ပွဲတွေအတွက် လာရောက်ပေးဖို့ ဖိတ်ကြားခံခဲ့ရလို့ လာရောက်ခဲ့စဉ် စီစဉ်သူတွေဘက်ကနေ ရော်နယ်ဒင်ဟိုအတွက် ပတ်စ်ပို့တ်တွေကို အတုလုပ်ဆောင်ပေးခဲ့တာကြောင့် အခုလို အလွဲလွဲအမှားမှားတွေ ဖြစ်ခဲ့ရတာလို့ ရော်နယ်ဒင်ဟိုရဲ့ ရှေ့နေဖြစ်သူကနေ ဖြေရှင်းထားခဲ့ပေမယ့်လည်း ဒီကိစ္စက ဥပဒေကို ချိုးဖောက်တဲ့ပြစ်မှုတစ်ခု ဖြစ်လို့နေတာကြောင့် ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်တော့ ကြီးလေးတဲ့ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

Photo Credit : ABC

ရော်နယ်ဒင်ဟိုနဲ့ သူရဲ့အကိုဖြစ်သူတွေကလည်း သူတို့နှစ်ယောက်အနေနဲ့ ဒီပတ်စ်ပို့တ်အတုတွေနဲ့ပတ်သက်လို့ ဘာမှကို သေချာမသိပဲ ဖိတ်ကြားသူများဘက်ကနေသာ သူတို့ကို လှည့်စားလိုက်တာဖြစ်လို့ သူတို့က အပြစ်မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် တရားသူကြီးဘက်ကနေ အာမခံချက်ငြင်းဆန်ခဲ့တာကြောင့် အမှုကိစ္စကို အပြီးသတ်မရှင်းနိုင်သေးသရွေ့ ထောင်ထဲမှာ ဆက်လက်ထိန်းသိမ်းခံထားရဦးမှာဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်တုန်းကလည်း ဘရာဇီးနိုင်ငံအတွင်းက သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့ မြေတွေပေါ်မှာ အဆောက်အဦးတွေကို ဆောက်လုပ်ခဲ့ပြီး အခွန်ငွေတွေနဲ့ ပြစ်ဒဏ်ငွေတွေကို ပေးဆောင်ခြင်းမရှိခဲ့တဲ့အတွက် သူရဲ့ဘရာဇီးနဲ့ စပိန်နိုင်ငံကူး ပတ်စ်ပို့တ်တွေကို နိုင်ငံတော်ကနေ သိမ်းယူခဲ့ရပါသေးတယ်။