တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုကတော့ အသက် (၄၀) နှစ်ပြည့် မွေးနေ့ကို ပါရာဂွေးနိုင်ငံက ထောင်ထဲမှာ ကျင်းပခဲ့ပြီး ဘရာဇီး ဂန္တဝင် နှစ်ဦးဆီက မွေးနေ့ ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။ ဘရာဇီး ဂန္တဝင် ကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒို နဲ့ ရော်ဘတ်တို ကာလို့စ်တို့ဟာ ဂါရာဂွေး ထောင်ထဲမှာ ရှိနေတဲ့ ရော်နယ်ဒင်ဟိုကို မွေးနေ့ ဆုမွန်ကောင်း တောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုဟာ အသက် (၄၀) နှစ်ပြည့် မွေးနေ့ကို ပါရာဂွေးနိုင်ငံက အကျဉ်းထောင်ထဲမှာ ဝက်သားကင်နဲ့ အကောင်းဆုံး ကုန်ဆုံးသွားခဲ့ပါတယ်။

Photo Credit: TheSun

ရော်နယ်ဒင်ဟိုဟာ တောင်အမေရိကန်၊ ပါရာဂွေးနိုင်ငံကို နိုင်ငံကူး လက်မှတ်အတုနဲ့ ဝင်ရောက် ခဲ့တာကြောင့် ပါရာဂွေးနိုင်ငံက ဟိုတယ်မှာ ဖမ်ဆီးခံရပြီး ထောင်ချမှတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ သူဟာ နိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်မှုနဲ့ အဖမ်းခံခဲ့ရတာကြောင့် အကျဉ်းထောင်ထဲမှာ (၆) လကြာ နေရမှာ ဖြစ်ပြီး အသက် (၄၀) ပြည့် မွေးနေ့ကို ထောင်ထဲမှာ ကျင်းပသွားခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာ (၁၉၈၀) ခုနှစ်၊ မတ်လ၊ (၂၁) ရက်နေ့မှာ မွေးဖွားခဲ့ပြီး မနေ့က (၂၁) ရက်မှာ အသက် (၄၀) ပြည့်သွားခဲ့ပြီး သူ့ရဲ့ မွေးနေ့ကို ဂန္တဝင် ကစားသမား (၂) ဦးက ဂုဏ်ပြုခဲ့ပါတယ်။

Photo Credit: TheSun

ဘရာဇီး ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒိုက “ဂုဏ်ယူပါတယ် သူငယ်ချင်း။ ပျော်ရွင်မှုတွေနဲ့ အတူ ခက်ခဲတဲ့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ပါစေ”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့ပါတယ်။ ရော်ဘတ်တို ကာလို့စ်ကတော့ “အသက် (၄၀) နှစ်ပြည့် မွေးနေ့မှာ အကောင်းဆုံး ဆုမွန်ကောင်း တောင်းပေးပါတယ် သူငယ်ချင်း ရော်နယ်ဒင်ဟို”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာ တစ်ချိန်က ဘာစီလိုနာအသင်း နဲ့ ဘရာဇီး လက်ရွေးစင်အသင်းတို့အတွက် ကစားခဲ့စဉ်မှာ ကစားသမားတိုင်း မက်လောက်ချင်စရာ ကောင်းတဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကစားသမားဘဝက အနားယူပြီးတဲ့နောက် ပြင်ပလောကမှာ အဆင်မပြေမှုတွေ ရှိလာခဲ့တာကြောင့် ပြဿနာတွေ များခဲ့ပြီး ထောင်ထဲ ရောက်သွားတဲ့ အဆင့် ဖြစ်သွားခဲ့ပါတယ်။