လူမသိသူမသိတဲ့ ဘရာဇီးကလပ်တစ်ခုကနေ အာဆင်နယ်လို အသင်းမျိုးကို ရောက်ရှိလာခဲ့တဲ့ ဂါဘရီရယ်မာတင်နယ်လီကတော့ အာဆင်နယ်အတွက် ပွဲဦးထွက်ဘောလုံးရာသီမှာပဲ သူရဲ့အရည်အချင်းအစစ်အမှန်တွေ ချပြနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကို သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအပါအဝင် မာတင်နယ်လီ ဒီရာသီမှာ အာဆင်နယ်အတွက် သွင်းယူပေးခဲ့တဲ့ ပြိုင်ပွဲစုံသွင်းဂိုးက ၁၀ဂိုးအထိကို ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ အသက်၁၈နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်ကစားသမားတစ်ယောက်ရဲ့ အရွှယ်နဲ့မလိုက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုတစ်ခုလို့ သတ်မှတ်မယ်ဆိုရင် လွန်မယ်မထင်ပါဘူး။

Photo Credit : TEAMtalk

မာတင်နယ်လီဟာ ဒီရာသီမှာ ဥရောပမှာရော ကမ္ဘာပေါ်က ပရိသတ်တွေ အားပေးမှုအများဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ စတင်ခြေချခဲ့ရတာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ သွင်းဂိုး၃ဂိုး ယူရိုပါလိဂ်မှာ သွင်းဂိုး၃ဂိုးနဲ့ လိဂ်ဖလားမှာ သွင်းဂိုး၄ဂိုး စုစုပေါင်းသွင်းဂိုး၁၀ဂိုးအထိကို သွင်းယူနိုင်ခဲ့ကာ အသင်းအတွက်လည်း ပြိုင်ပွဲစုံ၂၁ပွဲအထိ ကစားနိုင်ခဲ့ပါတယ်။ ဒီလို အရည်အချင်းကောင်းတွေ ရှိနေတဲ့ မာတင်နယ်လီကို ဘရာဇီးအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုက ချီးမွမ်းစကားတွေ ပြောဆိုလာခဲ့ပြီး သူရဲ့တောက်ပမှုကိုကြည့်ရတာက သူရဲ့ဘရာဇီးအသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးတိုက်စစ်မှူးကြီး ရော်နယ်ဒိုကို သတိရမိစေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal.com

ရော်နယ်ဒင်ဟိုက “ကျွန်တော်တို့တွေ မာတင်နယ်လီရဲ့ခြေစွမ်းတွေနဲ့ သူရဲ့အနာဂတ်အတွက် အရမ်းကို စိတ်ဝင်တစားဖြစ်နေပါတယ်။ သူ့မှာ အရည်အချင်းတွေ အပြည့်အဝရှိသလို အသက်၁၈နှစ်သာရှိနေပေမယ့် ယုံကြည်မှုကလည်း အပြည့်ပဲဗျာ။ သူ့ကိုကြည့်ပြီး ကျွန်တော့်အသင်းဖော်ကြီး ရော်နယ်ဒိုကို သတိရမိစေတယ်။ ရော်နယ်ဒိုရဲဲ့ ဥရောပထွက်ကစားဖြစ်တဲ့ ပထမရာသီတုန်းကလည်း သွင်းဂိုးပေါင်း၃၀တောင် သွင်းယူခဲ့လို့ ဒီ၁၈နှစ်သားလေးက ဘယ်သူလဲကွဆိုပြီး လူတိုင်းက စိတ်ဝင်စားလာခဲဲ့ကြတယ်လေ။ သူက ဘောလုံးရယူဖို့ ကြိုးစားတယ်။ ပြီးရင် ပြေးလွှားနေရာပဲ။ ဘယ်ကစားသမား ဒါမှမဟုတ် ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်ရပါစေ သူက မကြောက်ရွှံနေဘူး။ ဒါမျိုးတွေကို မာတင်နယ်လီဆီမှာ မြင်တွေ့နေရတယ်။ ရော်နယ်ဒိုကတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရသလို မာတင်နယ်လီလည်း ရော်နယ်ဒိုလို ဖြစ်လာနိုင်ပါတယ်” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မာတင်နယ်လီအနေနဲ့ များမကြာခင်မှာ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ရွေးချယ်မှုကို စတင်ရရှိတော့မယ်လို့လည်း ရော်နယ်ဒင်ဟိုက ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မာတင္နယ္လီကုိ သူရဲ႕ဘရာဇီးအသင္းေဖာ္ေဟာင္းနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးလုိက္တဲ႔ ေရာ္နယ္ဒင္ဟုိ

လူမသိသူမသိတဲ႔ ဘရာဇီးကလပ္တစ္ခုကေန အာဆင္နယ္လုိ အသင္းမ်ိဳးကုိ ေရာက္ရွိလာခဲ႔တဲ႔ ဂါဘရီရယ္မာတင္နယ္လီကေတာ့ အာဆင္နယ္အတြက္ ပြဲဦးထြက္ေဘာလုံးရာသီမွာပဲ သူရဲ႕အရည္အခ်င္းအစစ္အမွန္ေတြ ခ်ျပႏုိင္ခဲ႔ပါတယ္။ ခ်ယ္လ္ဆီးကုိ သေရက်ခဲ႔တဲ႔ လန္ဒန္ဒါဘီပြဲမွာ သြင္းယူခဲ႔တဲ႔ သြင္းဂုိးအပါအဝင္ မာတင္နယ္လီ ဒီရာသီမွာ အာဆင္နယ္အတြက္ သြင္းယူေပးခဲ႔တဲ႔ ၿပိဳင္ပြဲစုံသြင္းဂုိးက ၁၀ဂုိးအထိကုိ ရွိလာခဲ႔ၿပီျဖစ္ပါတယ္။ ဒါဟာ အသက္၁၈ႏွစ္သာရွိေသးတဲ႔ ဆယ္ေက်ာ္သက္ကစားသမားတစ္ေယာက္ရဲ႕ အရႊယ္နဲ႔မလုိက္ေအာင္ လုပ္ေဆာင္ႏုိင္ခဲ႔တဲ႔ စြမ္းေဆာင္မႈတစ္ခုလုိ႔ သတ္မွတ္မယ္ဆုိရင္ လြန္မယ္မထင္ပါဘူး။

Photo Credit : TEAMtalk

မာတင္နယ္လီဟာ ဒီရာသီမွာ ဥေရာပမွာေရာ ကမာၻေပၚက ပရိသတ္ေတြ အားေပးမႈအမ်ားဆုံးၿပိဳင္ပြဲႀကီးတစ္ခုျဖစ္တဲ႔ ပရီးမီးယားလိဂ္မွာ စတင္ေျခခ်ခဲ႔ရတာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ သြင္းဂုိး၃ဂုိး ယူရုိပါလိဂ္မွာ သြင္းဂုိး၃ဂုိးနဲ႔ လိဂ္ဖလားမွာ သြင္းဂုိး၄ဂုိး စုစုေပါင္းသြင္းဂုိး၁၀ဂုိးအထိကုိ သြင္းယူနုိင္ခဲ႔ကာ အသင္းအတြက္လည္း ၿပိဳင္ပြဲစုံ၂၁ပြဲအထိ ကစားႏုိင္ခဲ႔ပါတယ္။ ဒီလုိ အရည္အခ်င္းေကာင္းေတြ ရွိေနတဲ့ မာတင္နယ္လီကုိ ဘရာဇီးအသင္းရဲ႕ ဂႏၱဝင္ကစားသမားႀကီး ေရာ္နယ္ဒင္ဟုိက ခ်ီးမြမ္းစကားေတြ ေျပာဆုိလာခဲ႔ၿပီး သူရဲ႕ေတာက္ပမႈကုိၾကည့္ရတာက သူရဲ႕ဘရာဇီးအသင္းေဖာ္ျဖစ္ခဲ႔ဖူးတဲ႔ ဘရာဇီးတုိက္စစ္မွဴးႀကီး ေရာ္နယ္ဒုိကုိ သတိရမိေစတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။

Photo Credit : Goal.com

ေရာ္နယ္ဒင္ဟုိက “ကြ်န္ေတာ္တုိ႔ေတြ မာတင္နယ္လီရဲ႕ေျခစြမ္းေတြနဲ႔ သူရဲ႕အနာဂတ္အတြက္ အရမ္းကုိ စိတ္ဝင္တစားျဖစ္ေနပါတယ္။ သူ႔မွာ အရည္အခ်င္းေတြ အျပည့္အဝရွိသလုိ အသက္၁၈ႏွစ္သာရွိေနေပမယ့္ ယုံၾကည္မႈကလည္း အျပည့္ပဲဗ်ာ။ သူ႔ကုိၾကည့္ၿပီး ကြ်န္ေတာ့္အသင္းေဖာ္ႀကီး ေရာ္နယ္ဒုိကုိ သတိရမိေစတယ္။ ေရာ္နယ္ဒုိရဲဲ႕ ဥေရာပထြက္ကစားျဖစ္တဲ႔ ပထမရာသီတုန္းကလည္း သြင္းဂုိးေပါင္း၃၀ေတာင္ သြင္းယူခဲ႔လုိ႔ ဒီ၁၈ႏွစ္သားေလးက ဘယ္သူလဲကြဆုိၿပီး လူတုိင္းက စိတ္ဝင္စားလာခဲဲ႔ၾကတယ္ေလ။ သူက ေဘာလုံးရယူဖုိ႔ ႀကိဳးစားတယ္။ ၿပီးရင္ ေျပးလႊားေနရာပဲ။ ဘယ္ကစားသမား ဒါမွမဟုတ္ ဘယ္အသင္းနဲ႔ပဲ ရင္ဆုိင္ရပါေစ သူက မေၾကာက္ရႊံေနဘူး။ ဒါမ်ိဳးေတြကုိ မာတင္နယ္လီဆီမွာ ျမင္ေတြ႕ေနရတယ္။ ေရာ္နယ္ဒုိကေတာ့ ကမာၻ႕အေကာင္းဆုံးေဘာလုံးသမားအျဖစ္ သတ္မွတ္ခံခဲ႔ရသလုိ မာတင္နယ္လီလည္း ေရာ္နယ္ဒုိလုိ ျဖစ္လာႏုိင္ပါတယ္” လုိ႔ မွတ္ခ်က္ျပဳေျပာဆုိသြားခဲ႔ပါတယ္။ ဒါ့အျပင္ မာတင္နယ္လီအေနနဲ႔ မ်ားမၾကာခင္မွာ ဘရာဇီးလက္ေရြးစင္အသင္းရဲ႕ ေရြးခ်ယ္မႈကုိ စတင္ရရွိေတာ့မယ္လုိ႔လည္း ေရာ္နယ္ဒင္ဟုိက ခန္႔မွန္းေျပာဆုိသြားခဲ႔ပါတယ္။