ရှက်ဖီးယူနိုက်တက်အသင်းဆီမှာ အငှားစာချုပ်နဲ့ သွားရောက်ကစားလို့နေတဲ့ အင်္ဂလန်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ဟာ လက်ရှိမှာ ရှက်ဖီးအသင်းနဲ့ သူနဲ့ကြား အငှားစာချုပ် ပြည့်မြောက်သွားခဲ့ပြီဖြစ်လို့ သူရဲ့မူရင်းကလပ် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်သွားရဖွယ်ရှိနေပြီး တကယ်လို့ ဟန်ဒါဆန်သာ အသင်းကို ပြန်ရောက်လာခဲ့မယ်ဆိုရင် ဒုတိယဂိုးသမားနေရာပါ ပျောက်ဆုံးဖွယ်ရှိနေတဲ့ အရန်ဂိုးသမား ဆာဂျီယိုရိုမဲလ်ရိုးက ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားဂိုးသမားကြီး ရိုမဲလ်ရိုးဟာ ဒေးဗစ်ဒီဂီယာရဲ့နောက် ဒုတိယဦးစားပေးဂိုးသမားအဖြစ် ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ပရီးမီးယားလိဂ်တစ်ပွဲမှ ပါဝင်ကစားခဲ့ရခြင်းမရှိပဲ လိဂ်ဖလားပွဲတွေနဲ့ ယူရိုပါလိဂ်ပွဲတွေလောက်သာ ပါဝင်ခဲ့ရသူဖြစ်ပါတယ်။ ဒီဂီယာရဲ့လက်စွမ်းတွေ မတည်မငြိမ်ဖြစ်နေချိန်မှာပါ အသင်းရဲ့ဂိုးပေါက်ကို တာဝန်ယူကာကွယ်ရခြင်း မရှိခဲ့ရတဲ့ ရိုမဲလ်ရိုးဟာ အသင်းကို ဒင်းဟန်ဒါဆန် ပြန်ရောက်လာမယ်အချိန်မှာတော့ သူရဲ့အနာဂတ်တွေပါ ပိုမိုဝေဝါးလာခဲ့ရလို့ အသင်းနဲ့ လမ်းခွဲဖွယ်တောင် ရှိနေပါတယ်။

Photo Credit : The Sun

ဝါရင့်အာဂျင်တီးနားဂိုးသမား ရိုမဲလ်ရိုးဟာ၂၀၁၅ခုနှစ်ကမှ ဆမ်ဒိုရီးယားအသင်းကနေ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲအနည်းငယ်ကိုသာ ပါဝင်ကစားခဲ့ရပေမယ့် အက်အေဖလား လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကိုတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲထွက်ခွင့်တွေက နောက်ပိုင်းနှစ်တွေမှာ အတော်လေးကို နည်းပါးလာခဲ့တဲ့အပြင် အသင်းရဲ့လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကပါ အသင်းဆီ ပြန်လည်ရောက်လာတဲ့အခါ ရိုမဲလ်ရိုးအနေနဲ့ တတိယဦးစားပေးဂိုးသမားအထိ ပြောင်းလဲသွားနိုင်တာဖြစ်လို့ ရိုမဲလ်ရိုးအနေနဲ့ အသင်းကနေ ထွက်ခွာဖွယ်ရှိနေသလို သူ့ကိုလည်း အာဂျင်တီးနားကလပ်အသင်းများ မေဂျာလိဂ်ကလပ်အသင်းများနဲ့ ပရီးမီးယားလိဂ်ကို တန်းတတ်လာတဲ့ အသင်းများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ ရိုမဲလ်ရိုးက ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးသလို နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ကလည်း ရှိနေသေးတဲ့အတွက် ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်(၅)သန်းလောက်အထိ အလိုရှိနေပြီး နောက်ထပ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဖီးလ်ဂျုံး စမောလင်း ရိုဟို ဆန်းချက်ဇ် လင်ဂတ်တို့ကိုပါ အသင်းကနေ ရောင်းချဖွယ်ရှိနေပါတယ်။