ပရီးမီးယားလိဂ် နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အစဉ်အဆက် ကောင်းမွန်တဲ့ဂိုးသမားတွေကို ပိုင်ခဲ့ရပြီး လက်ရှိမှာလည်း အဓိက ဂိုးသမား ဒီဂီယာ ၊ အရန်ဂိုးသမား ရိုမဲရိုး ၊ ရှက်ဖီးလ်မှာ အငှားနဲ့ သွားကစားနေတဲ့ လူငယ်ဂိုးသမားလေး ဟန်ဒါဆန်စတဲ့ ထိပ်တန်းအဆင့်လက်စွမ်းကို ပိုင်ထားတဲ့ ဂိုးသမား သုံးဦးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

Photo Credit: Express.com

ဒါပေမယ့် နေရာတစ်နေရာအတွက် ကစားသမားသုံးဦးအထိ အပြိုင်ရှိနေတဲ့ အနေအထားဟာ အသင်းနည်းပြအတွက် ဆုံးဖြတ်ရခက်ခဲစေတဲ့ အနေအထားကို ဖြစ်နိုင်စေပြီး လက်ရှိမှာတော့ ယူနိုက်တက်အသင်းရဲ့ အရန်ဂိုးသမား အဖြစ်ရှိနေတဲ့ ရိုမဲရိုးနဲ့ တတိယ ဦးစားပေး ဂိုးသမား လီဂရန့်တို့ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အသင်းရဲ့ ဒုတိယဦးစားပေး ဂိုးသမားအဖြစ် ရှိနေတ​ဲ့ အသက် ၃၂နှစ်အရွယ် ဂိုးသမား ရိုမဲရိုးဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းထံကို ပြန်လည်ရောက်ရှိလာမယ့် ဂိုးသမားလေး ဟန်ဒါဆန်ကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရိုမဲရိုးကို ခေါ်ယူဖို့အတွက် ဗီလာရီးရဲလ် ၊ ဆိုစီဒက် စတဲ့ အသင်းတွေဟာ ချိတ်ဆက်မှုတွေ လုပ်ထားကြောင်း သိရှိရပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အသင်းရဲ့ တတိယဦးစားပေး ဂိုးသမားအဖြစ် ရှိနေတဲ့ အသက်၃၇နှစ်အရွယ် လီဂရန့်ကတော့ အသင်းအတွက် တစ်ပွဲသာ ကစားပေးထားရတဲ့ အနေအထားကြောင့် အသင်းကို စွန့်ခွာလိုနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဂရန့်ကို ခေါ်ယူဖို့အတွက် အင်္ဂလန် ချန်ပီယံရှစ်အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။