တိုက်စစ်မှူး လူကာကူကတော့ မန်ယူအသင်းက ထွက်သွားဖို့ ကြိုးစားတဲ့ အချိန်မှာ မန်ယူ နည်းပြ ဆိုးလ်ရှားက မထွက်ဖို့ တားခဲ့ပေမဲ့ ပြီးသွားပြီလို့ ပြောပြီး ငြင်းပယ်ခဲ့တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ မန်ယူအသင်းအတွက် (၂) နှစ်ကြာ ကစားပြီးတဲ့ အချိန်မှာ မန်ယူအသင်းကနေ စီးရီးအေ အင်တာမီလန်အသင်းကို ပေါင် (၃၇) သန်းနဲ့ ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

မန်ယူ တိုက်စစ်မှူးဟောင်း လူကာကူဟာ မန်ယူအသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းသွားပြီးတဲ့နောက် စီးရီးအေ ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနေပြီး သွင်းဂိုး (၂၃) ဂိုးအထိ သွင်းခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူ တိုက်စစ်မှူးဟောင်း လူကာကူကတော့ မန်ယူအသင်းက ထွက်သွားဖို့ ကြိုးစားတဲ့ အချိန်မှာ နည်းပြ ဆိုးလ်ရှားက တားခဲ့ပေမဲ့လည်း ငြင်းပယ်ပြီး ထွက်သွားခဲ့ပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး လူကာကူက “ဘယ်ကစားသမားဆို ဆိုးရွားတဲ့ (၁) နှစ်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ကျွန်တော်ဆို မန်ယူအသင်းမှာ ဖြစ်ခဲ့တယ်။ ကျွန်တော် အခြား အရာတွေကို သင်ယူနိုင်မယ့် အသင်း ပြောင်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျွန်တော့်ကို လိုချင်တဲ့ နည်းပြနဲ့လည်း အလုပ်တွဲလုပ်ချင်ခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားက ကျွန်တော့်ကို မန်ယူအသင်းမှာ ဆက်နေဖို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ပြီးသွားပြီလို့ ငြင်းပယ်ခဲ့ပါတယ်။ ကျွန်တော့်မှာ အင်အား မရှိတော့ပါဘူး။ သူ့ကို ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူက လူကောင်း ဖြစ်နေခဲ့ပြီး ကျွန်တော့်ကို အသင်း ပြောင်းအောင် ကူညီပေးနိုင်ခဲ့တာကြောင့်ပါ”လို့ အခိုင်အမာ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။