အင်တာမီလန်အသင်းရဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ရိုမယ်လူလ်လူကာကူကတော့ သူရဲ့စိတ်တိုင်းကျအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သူ့တရားဝင် အင်စတာဂရမ်ပေါ်ကနေ အမေးအဖြေတွေ ပြုလုပ်သွားခဲ့ရင်းနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမား သူရဲ့ဘယ်ဂျီယံအသင်းဖော် မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းကို ရွေးချယ်သွားခဲဲ့ကာ ဒီဘရိုင်းက သူရဲ့နောက်ကျောမှာ မျက်စိတွေရှိနေသလားလို့ ထင်ရလောက်အောင်ပဲ ဘောလုံးလမ်းကြောင်းတွေကို ကြိုတင်တွက်ဆနိုင်သူလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Photo Credit : Bein Sports

လူကာကူဟာ သူရဲ့ဘောလုံးသမားဘဝမှာ ပေါလ်ပေါ့ဘာ ဖယ်လိုင်နီ ဟာဇက်တို့လို ကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ရပေမယ့်လည်း သူ့အတွက် အကောင်းဆုံးကစားသမားအဖြစ်ကိုတော့ ဘယ်ဂျီယံအသင်းဖော် ဒီဘရိုင်းကိုပဲ သူ့အတွက် အကောင်းဆုံးသော ကွင်းလယ်လူတစ်ယောက်အဖြစ် ရွေးချယ်သွားခဲ့ပါတယ်။ လူကာကူနဲ့ ဒီဘရိုင်းတို့ဟာ ချယ်လ်ဆီးအသင်းမှာ ကစားသမားဟောင်းတွေဖြစ်ခဲ့ဖူးပေမယ့် ကလပ်အသင်းမှာတော့ တစ်ကြိမ်တစ်ခါမှ တွဲဖက်ကစားဖူးခြင်းမရှိပဲ ဘယ်ဂျီယံအသင်းမှာသာ တွဲဖက်ကစားခဲ့တာဖြစ်ပါတယ်။

Photo Credit : ROM

ဆက်လက်ပြီး နောက်ထပ်အမေးအဖြေတွေနဲ့ပတ်သက်လို့ ဆက်လက်ဖြေဆိုရာမှာ လူကာကူက သူအတွက် အကောင်းဆုံးသော သူငယ်ချင်းအဖြစ် အသင်းဟောင်းအဲဗာတန်မှာ အတူတွဲဲဖက်ကစားခဲ့ဖူးတဲ့ ယန်နစ်ဘိုလာဆီကို ရွေးချယ်ပေးသွားခဲ့ပြီး လက်ရှိ အင်တာမီလန်အသင်းမှာ သူနဲ့တွဲဖက်ကစားလို့နေတဲ့ လူငယ်တိုက်စစ်မှူးလေး လော်သာရိုမာတီနက်ဇ်က သူမြင်ဖူးခဲ့သမျှ ဘောလုံးသမားတွေထဲမှာ အရည်အချင်းအရှိဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။ လူကာကူဟာ သူရဲ့စိတ်ကြိုက်ကစားသမားတွေကို ရွေးချယ်ခဲ့ရာမှာတော့ သူ့အသင်းဟောင်း ယူနိုက်တက်က ကစားသမားတွေကို ရွေးချယ်ခဲ့ခြင်းမရှိသလို အကောင်းဆုံးနည်းပြထဲမှာလည်း နည်းပြဟောင်းမော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ကို ချန်လှပ်သွားခဲ့ပါတယ်။