အသင်းဟောင်း အင်တာမီလန်ကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဘယ်လ်ဂျီယံ ထိပ်တန်းကစားသမား ရိုမယ်လူလူကာကူက သူ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နွေရာသီမှာ အင်တာကနေ ချယ်လ်ဆီးအသင်းဆီ မြင့်မားလွန်းလှတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ပြောင်းရွှေ့ခဲ့ခြင်းက အမှားတစ်ခုကို လုပ်ဆောင်မိခဲ့တာဖြစ်ပြီး သူ့အနေနနဲ့ အင်တာမှာသာ ဆက်လက်ရှိနေခဲ့သင့်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Romelu Lukaku finally admits leaving Inter Milan for Chelsea was a 'mistake'

Photo Credit : Football Frame

ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီ အင်တာကနေ ချယ်လ်ဆီးအသင်းဆီ ကလပ်စံချိန်တင် ပြော်ငးရွှေ့ကြေးဖြစ်တဲ့ ပေါင်(၉၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီအတွင်း ချယ်လ်ဆီးအတွက် မယ်မယ်ရရ မလုပ်ပြနိုင်ခဲ့ပဲ သူ့အသင်းဟောင်း အင်တာကို ပြန်သွားချင်ကြောင်းပါ ပြောဆိုလာခဲ့လို့ ချယ်လ်ဆီးပရိသတ်တွေရဲ့ ဒေါသပုန်ထခြင်းနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း လူကာကူက အင်တာကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ခြင်းက အမှားတစ်ခု လုပ်ဆောင်မိခဲ့တာဖြစ်ပြီး တကယ်တမ်းဆိုရင် အင်တာမှာပဲ ဆက်လက်ရှိနေသင့်တာလို့ ပြောဆိုခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေရဲ့ အမုန်းတရားတွေနဲ့ ထပ်မံရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Romelu Lukaku is happy to be back at Inter Milan

Photo Credit : The Sun

အင်တာကို အငှားနဲ့ ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ လူကာကူက “ကျွန်တော် ထွက်ခွာသွားမိတာ အမှားတစ်ခုကို လုပ်ဆောင်မိသွားခဲ့သလိုပါပဲ။ အခု ကျွန်တော် ဒီဂျာစီကို ဝတ်ဆင်နေရတာ ပျော်ရွှင်မိပါတယ်။ အသင်းက ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ဒါက ဒီရာသီမှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာမှာဖြစ်ပြီး ဒီလိုမျိုး ဆက်ရှိနေဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီ ကျွန်တော် အင်္ဂလန်မှာ ရှိနေတုန်းက အင်တာမီလန်က ကမ္ဘာမှာ ဘယ်လောက်အရေးပါလဲဆိုတာ သိလာခဲ့ရတယ်။ ကလပ်အသင်းရဲ့ profile ကလည်း နိုင်ငံတကာ အတိုင်းအတာနဲ့ကို တိုးတတ်နေတယ်။ လူမှုကွန်ယက်အတွင်း ဝင်ရောက်ဆောင်ရွှက်မှုတွေကလည်း အလွန်အရေးကြီးပါတယ်။ အဝတ်လဲခန်းအတွင်း လေ့ကျင့်ခန်း အစီအစဉ်တွေအတွင်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ တရင်းတနှီးနေမှုတွေနဲ့ စနောက်ကျီစယ်တာတွေကို မြင်တွေ့လာနိုင်ပါတယ်။ မီလန်က အံ့သြစရာကောင်းတဲ့ မြို့ကြီးပါ။ ဒါကြောင့်လည်း ကျွန်တော် လန်ဒန်ကို သွားခဲ့တုန်းက ကျွန်တော်ရဲ့ တိုက်ခန်းဟောင်းကို ဒီမှာပဲ ထားခဲ့တာ။ ကျွန်တော့်အမေက ဒီမှာပဲ တစ်ချိန်လုံး လာနေတာဖြစ်လို့ ကျွန်တော်လည်း ဒီကိုပဲ ပြန်လာချင်နေခဲ့တာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ လူကာကူဟာ အင်တာမီလန်အသင်းနဲ့အတူ လူဂါနို မိုနာကိုအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ခဲ့ပေမယ့်လည်း အသင်းအတွက် သွင်းဂိုး မသွင်းယူနိုင်ခဲ့ပဲ အီတလီအသင်းငယ်လေးနဲ့ ခြေစမ်းခဲ့တဲ့ ပွဲမှသာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။