MySport Myanmar

ဘရာဇီးလ်က နေမာ မပါဝင်ဘဲနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ရိုမာရီယို သုံးသပ်

ဘရာဇီးလ် ဘောလုံးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်သူ ရိုမာရီယိုက ဘရာဇီးလ် လက်ရွေးစင်အသင်းအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ စူပါစတား တိုက်စစ်ကစားသမား နေမာ မပါဝင်ဘဲနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ မဖြစ်လာနိုင်ဘူးလို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်ကစားသမား နေမာဟာ ဘရာဇီးလ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေ ရနေတက်တာနဲ့ မကြာသေးခင်ကမှ ဆိုးဆိုးရွှားရွှား ဒဏ်ရာကြီး ရခဲ့သေးတာကြောင့် လက်ရွေးစင် ကစားသမားဘဝက အနားယူဖို့အထိပါ ဖြစ်ခဲ့ရပါသေးတယ်။

Photo Credit : Goal

ဒါပေမယ့် နေမာကိုယ်တိုင်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ သူရဲ့လက်ရွေးစင် ကစားသမားဘဝရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်ကြောင်း ဝန်ခံထားတဲ့အပြင် ဒီပြိုင်ပွဲကြီးမှာ ပါဝင်ကစားရဖို့အတွက်ကိုလည်း ဘာမဆို ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။ နေမာဟာ ဘရာဇီးလ်နဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ဝင်ရောက် ဆင်နွဲခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

နေမာဟာ ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ပြီး ၂၀၂၁၄ ၂၀၁၈နဲ့ ၂၀၂၂တွေမှာ ဘရာဇီးလ်နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ပါဝင်ခဲ့ရပေမယ့် ပြိုင်ပွဲ (၃)ကြိမ်လုံးမှာ ကွာတားဖိုင်နယ်အဆင့်တွေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Metro

လက်ရွေးစင်အသင်းနဲ့ ကွန်ဖရက်ဒေးရှင်းဖလားသာ ရယူနိုင်ခဲ့တဲ့ နေမာနဲ့ ပတ်သက်ပြီး ဘရာဇီးလ် ဂန္တဝင် ရိုမာရီယိုက “ဘရာဇီးလ်အသင်းက နေမာနဲ့သာဆိုရင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့ အခွင့်အရေး ရှိနိုင်ပါတယ်။ ၁၉၆၂မှာ ဂါရင်ချာအတွက် ကစားပေးကြတယ်။ ၁၉၇၀တုန်းက ပီလီ၊ ၁၉၉၄တုန်းက ရိုမာရီယို၊ ၂၀၀၂တုန်းက ရော်နယ်လ်ဒို။”

“၂၀၂၆မှာ သူတို့က နေမာအတွက် မကစားပေးဘူးဆိုရင်တော့ သူတို့ အောင်မြင်မှု ရမှာ မဟုတ်ပါဘူး။” လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ နေမာက အယ်လ်ဟီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးလို့ အသင်းပြောင်းဖို့ ရှိနေပြီး လတ်လောမှာ သူ့ကို အသင်းဖော်ဟောင်း မက်ဆီ ဆွာရက်ဇ်တို့ရဲ့ အင်တာ မိုင်ယာမီနဲ့ ချီကာဂို ဖိုင်းယားတို့လို မေဂျာလိဂ်ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Exit mobile version