အီတလီစီးရီးအေကလပ် ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီလက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ သူတို့အသင်းရဲ့ ဘယ်နောက်ခံကစားသမား လီယိုနာဒိုစပင်နာဇိုလာက ပြိုင်ပွဲအတွင်းမှာ ဆိုးရွှားလှတဲ့ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လို့ လပေါင်းများစွာ အနားယူရဖွယ် ရှိနေတဲ့အတွက် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ကို ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

အသက်(၂၈)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် နောက်ခံအစွန်လူ စပင်နာဇိုလာဟာ အီတလီအသင်းအတွက်ရော ရိုးမားအသင်းအတွက်ပါ အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုလို (၆)လဝန်းကျင်နီးပါးလောက် အနားယူရတော့မယ့် အရေးကိစ္စနဲ့ ရင်ဆိုင်နေရချိန်မှာ သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ယူနိုက်တက်အသင်းရဲ့ ဘရာဇီး ဘယ်နောက်ခံကစားသမား တဲလက်စ်ကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ် ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ပေါ်တိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တကယ့်ကို အရည်အသွေးကောင်းလာတဲ့ နောက်ခံအစွန်လူတစ်ယောက် ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲပေါင်း(၉)ပွဲလောက်သာ ပါဝင်ကစားခဲ့ရပါတယ်။ တဲလက်စ်ဟာ ယူနိုက်တက်အသင်းမှာ နေရာတစ်နေရာရဖို့ ခက်ခဲနေခဲ့ရပြီး သူရောက်လာချိန်မှာပဲ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက ယခင်ထက်ကို ပိုမိုခြေစွမ်းပြလာခဲ့တဲ့အတွက် တဲလက်စ်ရဲ့အခန်းကဏ္ဍာက ပိုမိုမှေးမှိန်သွားခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ တဲလက်စ်က အခုနွေစျေးကွက်အသင်းမှာ အသင်းနဲ့ လက်တွဲဖြုတ်ချင်နေပြီး ယူနိုက်တက်ဘက်ကလည်း တဲလက်စ်ကို ပြန်လည်ရောင်းထုတ်သွားဖို့ ဆန္ဒရှိလို့နေပါတယ်။ ဒါကြောင့် ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းက တဲလက်စ်ကို တစ်ရာသီအငှား+အငှားစာချုပ်ပြည့်ချိန် အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းလာဖွယ် ရှိနေပြီး ယူနိုက်တက်ဘက်ကလည်း ဒီကမ်းလှမ်းမှုကို စဉ်းစားလာနိုင်ပါတယ်။