ဒီတစ်ပတ် အီတလီစီးရီးအေ ပွဲစဉ်(၂၁)မှာကတော့ ပွဲကြီးပွဲကောင်းတွေများစွာ ပါဝင်လို့နေပြီး အဲ့ဒီပွဲစဉ်တွေထဲကမှ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာပါ အပြင်ထန်းဆုံး ဒါဘီပြိုင်ပွဲတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ ရောမဒါဘီပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ လာဇီယိုအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမအကျော့ရလဒ်အတိုင်းပဲ တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။

စီးရီးအေရဲ့အမှတ်ပေးဇယားအတွင်း အဆင့်၃နဲ့၄နေရာမှာ ရပ်တည်နေကြတဲ့ ရောမအခြေစိုက်အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်လို့ အရမ်းကိုစိတ်ဝင်စားစရာကောင်းခဲ့ပြီး ကြည့်ကောင်းတဲ့ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အသင်းကနေ ဂျက်ကို စမောလင်း အန်ဒါ ကလွိုင်းဗက် ဆန်တန် အစရှိတဲ့ အဓိက ကစားသမားများစွာနဲ့ ပွဲထွက်လာခဲ့သလို လာဇီယိုဘက်မှာလည်း အင်မိုဘီလီ ကော်ရီရာ မီလန်ကိုဗစ် အယ်ဘာတို အဆာဘီ ဖီလစ် လူးကပ်လီဗာတို့လို အမာခံကစားသမားတွေကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းအေတွင်း ပွဲချိန်တော်တော်များများမှာတော့ ရိုးမားဘက်ကနေ ဖိအားပေးမှုတွေကို မြင်တွေ့ခဲ့ရပြီး လာဇီယိုမှာလည်း ရိုးမားတိုက်စစ်ကို လိုက်လံထိန်းချုပ်နေရလို့ ကစားပုံတည်ဆောက်မရလောက်အောင် ဖြစ်နေရပါတယ်။ ဖိအားပေးမှုတွေကနေတစ်ဆင့် ပွဲချိန် ၂၆မိနစ်မှာ ဂျက်ကိုက ရိုးမားအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒီဂိုးမှာ လာဇီယိုဂိုးသမားရဲ့စိတ်လောနေမှုကြောင့် ခွင့်ပြုပေးလိုက်ရတယ်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဧည်သည့်လာဇီယိုအသင်းက ၃၄မိနစ်မှာ မမျှော်လင့်ပဲ ချေပဂိုးပြန်ရခဲ့ပြီး ရိုးမားဂိုးသမားလိုပက်ဇ် ရှင်းထုတ်ပုံမသေသပ်ရာကနေတစ်ဆင့် နောက်ခံလူ အဆာဘီက လာဇီယိုအတွက် ချေပဂိုးကို အနီးကပ်ပိတ်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး သိပ်မကြာခင်မှာ ကလွိုင်းဗက်ကို လာဇီယိုနောက်ခံကစားသမားတွေ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့ပေမယ့် VAR ပြန်လည်ကြည့်ရှုရမှာတော့ ဒိုင်က သူရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ပင်နယ်တီကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ရိုးမားအသင်းဘက်ကနေ တိုက်စစ်ဆင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ကာ ဂိုးဝင်လုနီးပါးဖြစ်ခဲ့တဲ့ တိုက်စစ်ဆင်မှုတွေလည်းရှိခဲ့ပြီး မိနစ်၈၀နဲ့ ၈၈မိနစ်တွေမှာ ရရှိခဲ့တဲ့ ဂျက်ကိုရဲ့အနီးကပ်ကန်ချက်နဲ့ ခေါင်းတိုက်ချက်တို့ကကလည်း ဂိုးဝင်ဖို့ နီးစပ်ခဲ့ပေမယ့် လာဇီယိုဂိုးသမားက ကာကွယ်နိုင်ခဲ့ရပါတယ်။ ပွဲပြီးဆုံးချိန်ထိ ဘယ်အသင်းကမှ သွင်းဂိုးတွေမရယူနိုင်တော့ပဲ ၁ဂိုးစီနဲ့သာ သရေပွဲအဖြစ် ပြီးဆုံးခဲ့ရပါတယ်။

(Zawgyi)

ပထမအေက်ာ့က ရလဒ္အတုိင္း အႏုိင္အရွံးမေပၚခဲ႔ျပန္တဲ႔ ေရာမဒါဘီပြဲ

ဒီတစ္ပတ္ အီတလီစီးရီးေအ ပြဲစဥ္(၂၁)မွာကေတာ့ ပြဲႀကီးပြဲေကာင္းေတြမ်ားစြာ ပါဝင္လုိ႔ေနၿပီး အဲ႔ဒီပြဲစဥ္ေတြထဲကမွ ကမာၻ႕ေဘာလုံးဇာတ္ခုံမွာပါ အျပင္ထန္းဆုံး ဒါဘီၿပိဳင္ပြဲတစ္ခုလုိ႔ သတ္မွတ္ခံထားရတဲ႔ ေရာမဒါဘီပြဲစဥ္အျဖစ္ ရုိးမားအသင္းနဲ႔ လာဇီယုိအသင္းတုိ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ႔ၾကၿပီး ပထမအေက်ာ့ရလဒ္အတုိင္းပဲ တစ္ဖက္ကုိ ၁ဂုိးစီနဲ႔ သေရက်ခဲ႔ရပါတယ္။

စီးရီးေအရဲ႕အမွတ္ေပးဇယားအတြင္း အဆင့္၃နဲ႔၄ေနရာမွာ ရပ္တည္ေနၾကတဲ႔ ေရာမအေျခစုိက္အသင္းႏွစ္သင္းရဲ႕ ဆုံေတြ႕မႈျဖစ္လုိ႔ အရမ္းကုိစိတ္ဝင္စားစရာေကာင္းခဲ႔ၿပီး ၾကည့္ေကာင္းတဲ႔ပြဲတစ္ပြဲလည္း ျဖစ္ခဲ႔ပါတယ္။ ဒီပြဲမွာ အိမ္ရွင္အသင္းကေန ဂ်က္ကုိ စေမာလင္း အန္ဒါ ကလြိဳင္းဗက္ ဆန္တန္ အစရွိတဲ႔ အဓိက ကစားသမားမ်ားစြာနဲ႔ ပြဲထြက္လာခဲ႔သလုိ လာဇီယုိဘက္မွာလည္း အင္မုိဘီလီ ေကာ္ရီရာ မီလန္ကုိဗစ္ အယ္ဘာတုိ အဆာဘီ ဖီလစ္ လူးကပ္လီဗာတုိ႔လုိ အမာခံကစားသမားေတြကုိ အသုံးျပဳလာခဲ႔ပါတယ္။ ပထမပုိင္းအတြင္း ပြဲခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ရုိးမားဘက္ကေန ဖိအားေပးမႈေတြကုိ ျမင္ေတြ႕ခဲ႔ရၿပီး လာဇီယုိမွာလည္း ရုိးမားတုိက္စစ္ကုိ လုိက္လံထိန္းခ်ဳပ္ေနရလုိ႔ ကစားပုံတည္ေဆာက္မရေလာက္ေအာင္ ျဖစ္ေနရပါတယ္။ ဖိအားေပးမႈေတြကေနတစ္ဆင့္ ပြဲခ်ိန္ ၂၆မိနစ္မွာ ဂ်က္ကိုက ရုိးမားအတြက္ ဦးေဆာင္ဂုိးကုိ ေခါင္းတုိက္သြင္းယူခဲ႔ၿပီး ဒီဂုိးမွာ လာဇီယုိဂုိးသမားရဲ႕စိတ္ေလာေနမႈေၾကာင့္ ခြင့္ျပဳေပးလုိက္ရတယ္ဆုိလည္း မမွားပါဘူး။ ဒါေပမယ့္ ဧည္သည့္လာဇီယုိအသင္းက ၃၄မိနစ္မွာ မေမွ်ာ္လင့္ပဲ ေခ်ပဂုိးျပန္ရခဲ႔ၿပီး ရုိးမားဂုိးသမားလုိပက္ဇ္ ရွင္းထုတ္ပုံမေသသပ္ရာကေနတစ္ဆင့္ ေနာက္ခံလူ အဆာဘီက လာဇီယုိအတြက္ ေခ်ပဂုိးကုိ အနီးကပ္ပိတ္သြင္းခဲ႔ပါတယ္။

ဒုတိယပုိင္းျပန္လည္စတင္ၿပီး သိပ္မၾကာခင္မွာ ကလြိဳင္းဗက္ကုိ လာဇီယုိေနာက္ခံကစားသမားေတြ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ႔တာေၾကာင့္ ဒုိင္လူႀကီးက ပင္နယ္တီသတ္မွတ္ေပးခဲ႔ေပမယ့္ VAR ျပန္လည္ၾကည့္ရွုရမွာေတာ့ ဒုိင္က သူရဲ႕ဆုံးျဖတ္ခ်က္ကုိ ျပန္လည္ျပင္ဆင္ခဲ့ၿပီး ပင္နယ္တီကုိလည္း ပယ္ဖ်က္ခဲ႔ပါတယ္။ ဒုတိယပုိင္းမွာလည္း ရုိးမားအသင္းဘက္ကေန တုိက္စစ္ဆင္မႈေတြကုိ လုပ္ေဆာင္ႏုိင္ခဲ႔ကာ ဂုိးဝင္လုနီးပါးျဖစ္ခဲ႔တဲ႔ တုိက္စစ္ဆင္မႈေတြလည္းရွိခဲ႔ၿပီး မိနစ္၈၀နဲ႔ ၈၈မိနစ္ေတြမွာ ရရွိခဲ႔တဲ႔ ဂ်က္ကုိရဲ႕အနီးကပ္ကန္ခ်က္နဲ႔ ေခါင္းတုိက္ခ်က္တုိ႔ကကလည္း ဂုိးဝင္ဖုိ႔ နီးစပ္ခဲ႔ေပမယ့္ လာဇီယုိဂုိးသမားက ကာကြယ္ႏုိင္ခဲ႔ရပါတယ္။ ပြဲၿပီးဆုံးခ်ိန္ထိ ဘယ္အသင္းကမွ သြင္းဂုိးေတြမရယူႏုိင္ေတာ့ပဲ ၁ဂုိးစီနဲ႔သာ သေရပြဲအျဖစ္ ၿပီးဆုံးခဲ႔ရပါတယ္။