ရုိးမားအသင္းဟာ ယေန႔ည (၂း၁၅) အခ်ိန္မွာ ဂ်ဳဗင္တပ္အသင္းကုိ ဧည့္ခံကစားသြားမွာ ျဖစ္ၿပီး ရုိးမား နည္းျပ ဖြန္ဆီကာက ဂ်ဳဗင္တပ္ နည္းျပ ဆာရီကုိ ပဲြမတုိင္ခင္ ခ်ီးက်ဴး ေျပာဆုိခဲ့ပါတယ္။ ရုိးမား နည္းျပ ဖြန္ဆီကာကေတာ့ ပဲြႀကိဳ သတင္းစာ ရွင္းလင္းပဲြမွာ နည္းျပ ဆာရီဟာ ဥေရာပက အေကာင္းဆုံး နည္းျပေတြထဲက တစ္ဦး ျဖစ္တယ္လုိ႔ အခုိင္အမာ ခ်ီးက်ဴးသြားတာ ျဖစ္ပါတယ္။

Photo Credit: Onefootball

ရုိးမားအသင္းဟာ အမွတ္ေပး ဇယား အဆင့္ (၄) ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ (၂) ေနရာက ဂ်ဳဗင္တပ္တုိ႔နဲ႔ ကစားရမွာ ျဖစ္တာေၾကာင့္ ႏွစ္သင္းစလုံး အမွားမလုပ္သင့္တဲ့ ပဲြစဥ္ ျဖစ္ပါတယ္။ ရုိးမားနည္းျပ ဖြန္ဆီကာက ဂ်ဳဗင္တပ္ နည္းျပ ဆာရီဟာ ဂ်ဳဗင္တပ္အသင္းမွာ အစျပဳရုံေလးသာ ရွိေပမဲ့လည္း ဂ်ဳဗင္တပ္အသင္းကုိ အသင္းေကာင္း ျဖစ္ေစခဲ့တယ္္လုိ႔ ခ်ီးက်ဴး ေျပာဆုိခဲ့ပါတယ္။

Photo Credit: Onefootball

ရုိးမား နည္းျပ ဖြန္ဆီကာက “ဆာရီက နည္းျပေကာင္း ျဖစ္ၿပီး ဥေရာပက အေကာင္းဆုံး နည္းျပ ေတြထဲက တစ္ဦးပါ။ သူက ေဘာလုံးကုိ အေကာင္းဘက္ကေန ခ်ဥ္းကပ္ၿပီး အဲဒါကုိ ကြ်န္ေတ္ာ အလြန္ ႀကိဳက္ပါတယ္။ သူက ဂ်ဳဗင္တပ္အသင္းမွာ အစျပဳရုံသာ ရွိပါေသးတယ္။ ဒါေပမဲ့လည္း သူ အလြန္ အားေကာင္းတဲ့ အသင္းကုိ တည္းေဆာက္ၿပီးေနပါၿပီ”လုိ႔ ခ်ီးက်ဴး ေျပာဆုိခဲ့ပါတယ္။

{Unicode}

ရိုးမားအသင်းဟာ ယနေ့ည (၂း၁၅) အချိန်မှာ ဂျုဗင်တပ်အသင်းကို ဧည့်ခံကစားသွားမှာ ဖြစ်ပြီး ရိုးမား နည်းပြ ဖွန်ဆီကာက ဂျုဗင်တပ် နည်းပြ ဆာရီကို ပွဲမတိုင်ခင် ချီးကျူး ပြောဆိုခဲ့ပါတယ်။ ရိုးမား နည်းပြ ဖွန်ဆီကာကတော့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဆာရီက ဥရောပက အကောင်းဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်တယ်လို့ အခိုင်အမာ ချီးကျူးသွားတာ ဖြစ်ပါတယ်။

Photo Credit: Onefootball

ရိုးမားအသင်းဟာ အမှတ်ပေး ဇယား အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး အဆင့် (၂) နေရာက ဂျုဗင်တပ်တို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံး အမှားမလုပ်သင့်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ရိုးမားနည်းပြ ဖွန်ဆီကာက ဂျုဗင်တပ် နည်းပြ ဆာရီဟာ ဂျုဗင်တပ်အသင်းမှာ အစပြုရုံလေးသာ ရှိပေမဲ့လည်း ဂျုဗင်တပ်အသင်းကို အသင်းကောင်း ဖြစ်စေခဲ့တယ်လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။

Photo Credit: Onefootball

ရိုးမား နည်းပြ ဖွန်ဆီကာက “ဆာရီက နည်းပြကောင်း ဖြစ်ပြီး ဥရောပက အကောင်းဆုံး နည်းပြ တွေထဲက တစ်ဦးပါ။ သူက ဘောလုံးကို အကောင်းဘက်ကနေ ချဉ်းကပ်ပြီး အဲဒါကို ကျွန်တေ်ာ အလွန် ကြိုက်ပါတယ်။ သူက ဂျုဗင်တပ်အသင်းမှာ အစပြုရုံသာ ရှိပါသေးတယ်။ ဒါပေမဲ့လည်း သူ အလွန် အားကောင်းတဲ့ အသင်းကို တည်းဆောက်ပြီးနေပါပြီ”လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။