အီတလီစီးရီးအေ ထိပ်သီးကလပ် ရိုးမားအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိုင်ဗရီကို့စ် နောက်ခံကစားသမားဖြစ်သူ အဲရစ်ဘိုင်လီကို ခေါ်ယူသွားနိုင်ဖို့အတွက် မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ရိုးမားနည်းပြ ဂျိုဆေးမော်ရင်ဟိုကလည်း သူ့တပည့်ဟောင်းဖြစ်သူ ဘိုင်လီကို ရိုးမားအသင်းဆီ အရ ခေါ်ဆောင်ချင်နေပါတယ်။

Man Utd news: Eric Bailly available for cut-price fee as Jose Mourinho  plots raid on former club

Photo Credit : TEAMtalk

အသက်(၂၈)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဘိုင်လီဟာ လက်ရှိ သူရဲ့ကလပ် မန်ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသူ ဖြစ်နေတဲ့အပြင် အသင်းနည်းပြ တန်ဟက်ဂ်ကလည်း သူ့အသင်းဟောင်း အိုင်းယတ်စ်က နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကိုပါ ထပ်မံ ခေါ်ယူလိုက်သေးတာကြောင့် ဘိုင်လီရဲ့ အနာဂတ်က ဝိုးတဝါး ဖြစ်သွားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့ center-back နေရာမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား အပါအဝင် လင်ဒီလော့ ဗာရန်း ဘိုင်လီတို့ ရှိနေတဲ့အပြင် ဖေးလ်ဂျုံးစ် တွမ်ဇီဘီနဲ့ ကစားသမားသစ် မာတီနက်ဇ်ပါ ရှိလာတော့မှာဖြစ်လို့ ဘိုင်လီ ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ထဲက နှစ်ဦးလောက်က အသင်းကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။

Jose Mourinho 'wants Eric Bailly reunion at Roma but Man Utd star will  REJECT move to fight for spot under Erik ten Hag'

Photo Credit : The Sun

အခုလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ နောက်ခံလူ ဘိုင်လီကို မန်ယူနိုက်တက် နည်းပြဟောင်းလည်းဖြစ် လက်ရှိမှာ ရိုးမားအသင်းကို ကိုင်တွယ်နေသူလည်းဖြစ်တဲ့ နည်းပြမော်ရင်ဟိုက ရိုးမားအသင်းဆီ ခေါ်ဆောင်ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖို့အတွက် မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေတယ်လို့ အီတလီ နာမည်ကြီး ဘောလုံးသတင်းထောက် ဒီမာဇီယိုက သူရဲ့ တွစ်တာကနေ ဖော်ပြလာခဲ့ပါတယ်။ မန်ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့ ခံစစ်ပိုင်းမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းရားနဲ့ ကစားသမားသစ် မာတီနက်ဇ်တို့ကို အသင်းရဲ့ CB မှာ ပိုမို နေရာပေးသွားဖွယ် အခြေအနေရှိနေပြီး လင်ဒီလော့နဲ့ ဗာရန်းတို့ကိုတော့ အလှည့်ကျ နေရာပေးသွားဖို့ အစီအစဉ် ရှိနေတဲ့အတွက် ဘိုင်လီရဲ့ အခြေအနေက အသင်းနဲ့ လမ်းခွဲရမယ့် အခြေအနေမျိုး ဖြစ်နေရပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက် ပရိသတ်တွေကတော့ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည် ပြသနေတဲ့ ဘိုင်လီကို အသင်းကနေ ရောင်းမထုတ်စေချင်ပဲ အသင်းမှာသာ ဆက်လက်ရှိနေချင်ပေမယ့် အသင်းမှာ ဗဟိုခံစစ်နေရာမှာ ကစားသမားတွေ ဖောင်းပွနေမှုကြောင့် ဘိုင်လီကို ရောင်းထုတ်ရနိုင်ဖွယ် ရှိနေပြီး တကယ်လို့ တွမ်ဇီဘီနဲ့ ဂျုံးစ်တို့ကိုသာ အရင်ဆုံး ရောင်းထုတ်နိုင်မယ်ဆိုရင်တော့ ဘိုင်လီကို အသင်းမှာ ဆက်လက် ထားရှိကာ အလှည့်ကျ အသုံးပြုသွားနိုင်ဖွယ် ရှိနေပါတယ်။