မန္ယူ ေနာက္ခံကစားသမား မားကို႔စ္ ႐ိုဂ်ိဳဟာ မန္ယူအသင္းကေန ထြက္ၿပီး မိခင္ကလပ္ျဖစ္တဲ့ အာဂ်င္တီးနား အေျခစိုက္ အက္စတူဒီယန္တပ္စ္အသင္းကို ကာလတို အငွားနဲ႔ ေျပာင္းသြားၿပီလို႔ Goal သတင္းက ေဖာ္ျပသြားခဲ့ပါတယ္။ ေနာက္ခံလူ ႐ိုဂ်ိဳဟာ (၂၀၁၉) ခုႏွစ္၊ ႏိုဝင္ဘာလကေန လက္ရွိအခ်ိန္အထိ မန္ယူအသင္းအတြက္ (၁) ပြဲမွ မကစားရေတာ့တာ ျဖစ္ၿပီး ပြဲထြက္ကစားခြင့္ ရခ်င္တဲ့ အတြက္ေၾကာင့္ အက္စတူဒီယန္တပ္စ္အသင္းကို အငွားနဲ႔ ေျပာင္းခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

အက္စတူဒီယန္တပ္စ္အသင္းဟာ လူမႈကြန္ရက္ တြစ္တာကေန မန္ယူ ေနာက္ခံ ကစားသမား ႐ိုဂ်ိဳကို ေခၚယူဖို႔ မန္ယူအသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္တယ္လို႔ ေဖာ္ျပသြားခဲ့ၿပီး ႐ိုဂ်ိဳကို ႀကိဳဆိုတဲ့ စာကိုပါ ေရးသားခဲ့ပါတယ္။ အက္စတူဒီယန္တပ္စ္အသင္းက “႐ိုဂ်ိဳ မင္း ေပ်ာ္႐ႊင္ခဲ့တဲ့ ေနရာကို မင္း ျပန္လာခဲ့ပါၿပီ။ မင္း ေရာက္လာလို႔ ပို သန္မာသြားပါၿပီ။ မင္းရဲ႕ အိပ္မက္ကလည္း ျဖစ္ေျမာက္လာခဲ့ပါၿပီ။ ငါတို႔ ျပန္ဆုံၾကပါၿပီ။ ျပန္လာလို႔ ေက်းဇူးပါ”လို႔ ေရးသားသြားခဲ့ပါတယ္။

Photo Credit: Goal

႐ိုဂ်ိဳဟာ မန္ယူအသင္းနဲ႔ လာမယ့္ (၂၀၂၁) ခုႏွစ္အထိ စာခ်ဳပ္ က်န္ေသးလ်က္ ရွိေနၿပီး မန္ယူ နည္းျပ ဆိုးလ္ရွားက ေဆာင္း႐ြာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ ႐ိုက်ိဳကို မန္ယူအသင္းကေန ထြက္ခြင့္ေပးမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ႐ိုဂ်ိဳကေတာ့ အသင္းေဟာင္း မိခင္ ကလပ္ အက္စတူဒီယန္တပ္စ္အသင္းအတြက္ (၂၀၀၈) ခုႏွစ္ကေန (၂၀၁၁) ခုႏွစ္အထိ၊ ၿပိဳင္ပြဲစုံ (၄၃) ပြဲ ကစားေပးခဲ့ၿပီး အခုေတာ့ သူ႔ရဲ႕ မိခင္ကလပ္ကို အငွားနဲ႔ ျပန္သြားကစားရၿပီပဲ ျဖစ္ပါတယ္။

{Unicode}

မန်ယူ နောက်ခံကစားသမား မားကို့စ် ရိုဂျိုဟာ မန်ယူအသင်းကနေ ထွက်ပြီး မိခင်ကလပ်ဖြစ်တဲ့ အာဂျင်တီးနား အခြေစိုက် အက်စတူဒီယန်တပ်စ်အသင်းကို ကာလတို အငှားနဲ့ ပြောင်းသွားပြီလို့ Goal သတင်းက ဖော်ပြသွားခဲ့ပါတယ်။ နောက်ခံလူ ရိုဂျိုဟာ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလကနေ လက်ရှိအချိန်အထိ မန်ယူအသင်းအတွက် (၁) ပွဲမှ မကစားရတော့တာ ဖြစ်ပြီး ပွဲထွက်ကစားခွင့် ရချင်တဲ့ အတွက်ကြောင့် အက်စတူဒီယန်တပ်စ်အသင်းကို အငှားနဲ့ ပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အက်စတူဒီယန်တပ်စ်အသင်းဟာ လူမှုကွန်ရက် တွစ်တာကနေ မန်ယူ နောက်ခံ ကစားသမား ရိုဂျိုကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပြီး ရိုဂျိုကို ကြိုဆိုတဲ့ စာကိုပါ ရေးသားခဲ့ပါတယ်။ အက်စတူဒီယန်တပ်စ်အသင်းက “ရိုဂျို မင်း ပျော်ရွှင်ခဲ့တဲ့ နေရာကို မင်း ပြန်လာခဲ့ပါပြီ။ မင်း ရောက်လာလို့ ပို သန်မာသွားပါပြီ။ မင်းရဲ့ အိပ်မက်ကလည်း ဖြစ်မြောက်လာခဲ့ပါပြီ။ ငါတို့ ပြန်ဆုံကြပါပြီ။ ပြန်လာလို့ ကျေးဇူးပါ”လို့ ရေးသားသွားခဲ့ပါတယ်။

Photo Credit: Goal

ရိုဂျိုဟာ မန်ယူအသင်းနဲ့ လာမယ့် (၂၀၂၁) ခုနှစ်အထိ စာချုပ် ကျန်သေးလျက် ရှိနေပြီး မန်ယူ နည်းပြ ဆိုးလ်ရှားက ဆောင်းရွာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ရိုကျိုကို မန်ယူအသင်းကနေ ထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ရိုဂျိုကတော့ အသင်းဟောင်း မိခင် ကလပ် အက်စတူဒီယန်တပ်စ်အသင်းအတွက် (၂၀၀၈) ခုနှစ်ကနေ (၂၀၁၁) ခုနှစ်အထိ၊ ပြိုင်ပွဲစုံ (၄၃) ပွဲ ကစားပေးခဲ့ပြီး အခုတော့ သူ့ရဲ့ မိခင်ကလပ်ကို အငှားနဲ့ ပြန်သွားကစားရပြီပဲ ဖြစ်ပါတယ်။