စူပါအေးဂျင့်တစ်ဦးဖြစ်တဲ့ ပေါ်တူဂီလူမျိုး မန်ဒက်ဟာ သူ့ရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ရိုဒရီဂွက်စ် ကို ပရီးမီးယားလိဂ်အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့အတွက် ကြိုးပမ်းနေတယ်လို့ စပိန်သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ မန်ယူအသင်းထံကို သူ့ရဲ့ ကစားသမားတချို့ ပို့ဆောင်ပေးနိုင်ခဲ့သူရဖြစ်ပြီး လတ်တလောမှာလည်း စပို့တင်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ကို မန်ယူ အသင်းထံ ပြောင်းရွှေ့နိုင်အောင် ကြားကနေ ကူညီလုပ်ဆောင် ပေးခဲ့သူဖြစ်တာကြောင့် မန်ယူအသင်းနဲ့ ဂျိမ်းရိုဒရီဂွက်စ်တို့ရဲ့ အပြောင်းအရွှေ့ဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Photo Credit: Marca.com

စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရိုဒရီဂွက်စ်အပေါ် ကို ထားရှိတဲ့ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားပြီလို့ သိရကာ ရိုဒရီဂွက်စ်ကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ကျိန်းသေ ရောင်းချသွားမှာဖြစ်ပြီး ရိုဒရီဂွက်စ်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေအားလုံးကို မန်ဒက်ထံ ပေးအပ်ထားခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေကလည်း ဖွင့်ဟထားကြပါတယ်။ မိုနာကို အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းထံ ရွှေ့ပြောင်းလာခဲ့တဲ့ ရိုဒရီဂွက်စ်ဟာ ရီးရဲလ်အသင်းထံကို ရောက်ရှိခဲ့စဉ်မှာ ခြေစွမ်းကောင်းတချို့ကို ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာ ပြဿနာမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရအပြီးမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းနဲ့ လွဲချော်ခဲ့ရသူဖြစ်ပြီး လက်ရှိမှာလည်း ဒဏ်ရာပြဿာနာတွေကြောင့် အနားယူနေရသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ရိုဒရီဂွက်စ်ကို ခေါ်ယူဖို့အတွက် လတ်တလောမှာ အာဆင်နယ်အသင်းက ချိတ်ဆက်ထားပေမယ့် မန်ဒက်ကတော့ သူနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ မန်ယူအသင်းထံကိုသာ ရိုဒရီဂွက်စ်ကို ပို့ဆောင်ပေးလိုနေတယ်လို့ သိထားရပါတယ်။ သတင်းတွေအရတော့ မန်ဒက်က မန်ယူအသင်း အနေနဲ့ ရိုဒရီဂွက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့​ကြေး ပေါင်၃၅သန်းကိုသာ ပေးချေရမှာ ဖြစ်တယ်လို့ မန်ယူအသင်းထံ အကြောင်းကြားထားကြောင်း သိရကာ မန်ယူအသင်းဟာလည်း ရိုဒရီဂွက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ရိုဒရီဂွက်စ်ကို ခေါ်မယ် ၊ မခေါ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မန်ယူအသင်း နည်းပြ ဆိုးလ်ရှားရဲ့လက်ထဲမှာသာ ရှိတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။`