လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမား ရော်ဘတ်ဆန်က လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အနိုင်ရရှိဖို့ လိုအပ်သေးတာကြောင့် လက်ကျန်ပွဲစဉ်တွေကို အနိုင်ကစားသွားမှာ ဖြစ်ပြီး နိုင်ပွဲတွေ ရရှိပြီရင် ပရီးမီးယားလိဂ် ချန်ပီယံ ပါတီပွဲကို ကျင်းပမယ်လို့ ပြောကြားလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ စတင်ချိန်ကတည်းက လက်ရှိအချိန်အထိ (၁၀) ဆယ်စု (၃) စု အကြာ၊ နှစ်ပေါင်း (၃၀) ကျော်အကြာအတွင်းမှာ ပရီးမီးယားလိဂ် ဆုဖလားကို တစ်ကြိမ်မှ မရဖူးဘဲ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ သေချာနေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စလို့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲကို အနိုင်ရပြီး ရမှတ် (၆) မှတ် ရရှိမယ် ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တော့မှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရမှတ် (၂၅) မှတ် ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ဇွန်လ (၂၉) ရက်နေ့ကနေ ပြန်လည် စတင်ဖို့ ပြင်ဆင်နေတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် မတ်လ အလယ်မှာ ပရီးမီးယားလိဂ် ဆုဖလား ရရှိနိုင်ပြီး နောက်ခံလူ ရော်ဘတ်ဆန်က ပရီးမီးယားလိဂ် ချန်ပီယံ ပါတီပွဲ ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ရော်ဘတ်ဆန်က “အန်ဖီးလ်ကွင်းမှာ ပရိသတ် (၅၅,၀၀၀) ကျော်ရှေ့ ကစားချင်သလား ဆိုရင် သေချာတာကတော့ ကစားချင်ပါတယ်။ နိုင်ပွဲတွေ ရချင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ပရိသတ်တွေ မပါဘူး ဆိုရင် ခံစားချက်ကောင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ နိုင်ပွဲတွေ ရဖို့ လိုအပ်သေးတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အသင်းပရိသတ်တွေက ကျွန်တော်တို့ကို အရူးအမှူး အားပေးကြမယ် ဆိုတာ ကျွန်တော်တို့ သိတယ်။ သူတို့ရဲ့ အားပေးမှုတွေကိုလည်းပဲ ကျွန်တော်တို့ ခံစားရတယ်။ အားလုံးပြီးရင် ကျွန်တော်တို့ ချန်ပီယံ အောင်ပွဲ ကျင်းပနိုင်ကြမှာပါ။ အချိန်ကောင်းရောက်လာရင် ပါတီပွဲ ကျင်းပချိန် ရောက်လာမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ အာရုံစိုက်ရမယ်။ ဘယ်ပွဲ ဖြစ်ဖြစ် အနိုင်ယူဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။