လီဗာပူးလ်အသင်းရဲ့ဘယ်နောက်ခံလူနဲ့စကော့တလန်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ရော်ဘတ်ဆန်ကသူရဲ့ကလပ်အသင်းဖော်ဟန်ဒါဆန်ဟာယခုနှစ်ရဲ့PFA Player of the Yearဆုကိုဆွတ်ခူးဖို့အတွက်ထိုက်တန်သူဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Standard.com

     လီဗာပူးလ်အသင်းဟာယခုနှစ်ဘောလုံးရာသီမှာနှစ်ပေါင်းများစွာဝေးကွာနေတဲ့ပရီးမီးယားလိဂ်ဖလားကိုပြန်လည်ရယူနိုင်တော့မှာဖြစ်သလိုလက်ရှိအချိန်အထိလဲရှုံးပွဲမရှိသေးပါဘူး။ရော်ဘတ်ဆန်ကတော့ဒါဟာသူတို့ရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ဟန်ဒါဆန်နဲ့သက်ဆိုင်နေကာဟန်ဒါဆန်ရဲ့အသင်းခေါင်းဆောင်ပီသမှုတွေကြောင့်ဖြစ်တယ်လို့သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard.com

     PFA Player of the Yearဆုကိုဟန်ဒါဆန်ရရှိသင့်ကြောင်းရော်ဘတ်ဆန်ကသူဟာPFA Player of the Yearဆုကိုရရှိဖို့ထိုက်တန်သူပါ။ဒီရာသီမှာကျွန်တော်တို့ရုန်းကန်နေရတိုင်းဟန်ဒို(ဟန်ဒါဆန်)ကကျွန်တော်တို့ကိုဦးဆောင်မှုပေးခဲ့ပါတယ်။သူဟာကျွန်တော်တို့မရှုံးနိမ့်ဘူးဆိုတဲ့စိတ်ဓာတ်ကိုရိုက်သွင်းပေးသူဖြစ်သလိုတစ်ခါတရံအသင်းအတွက်ဂိုးတွေဂိုးဖန်တီးမှုတွေလဲပြုလုပ်ပေးတတ်သူပါ။ဒီတော့သူ့အနေနဲ့ဒီဆုကိုရရှိဖို့သင့်နေပါပြီလို့ဖွင့်ဟပြောကြားလာသွားခဲ့တာပါ။

Photo Credit: Standard.com

     ဟန်ဒါဆန်ဟာလက်ရှိဘောလုံးရာသီမှာလီဗာပူးလ်အသင်းအတွက်ပရီးမီးယားလိဂ်ပွဲ၂၄ပွဲပါဝင်ကစားပေးထားကာ၃ဂိုးသွင်းယူထားခဲ့ပြီး၄ဂိုးဖန်တီးပေးခဲ့သူပါ။ရော်ဘတ်ဆန်ကလီဗာပူးလ်အတွက်ပရီးမီးယားလိဂ်ပွဲ၂၅ပွဲကစားပေးထားပြီး၁ဂိုးသွင်းယူကာ၆ဂိုးဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။