MySport Myanmar

ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ ချယ်လ်ဆီးကနေ လူကာကူ ထွက်ခွာသင့်တယ်လို့ မာတီနက်ဇ်သုံးသပ်

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ရိုမီလူလူကာကူအနေနဲ့ လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိ်ုင်ပွဲကို ဘယ်လ်ဂျီယံအသင်းနဲ့ ပါဝင်ဆင်နွဲခွင့် ရရှိနေစေဖို့အတွက် လက်ရှိကလပ် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် အထောင်တိုက်စစ်ကစားသမား လူကာကူဟာ ပြီးခဲ့တဲ့ နွေကမှ အင်တာမီလန်အသင်းကနေ အသင်းဟောင်း ချယ်လ်ဆီးကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသင်းအတွက် ပရီးမီးယားလိဂ် ပွဲ(၂၀) ပါဝင််ကစားထားခဲ့ရာ အဲ့ဒီပွဲ(၂၀)ထဲကမှ (၈)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသလို ချယ်လ်ဆီးအသင်း နောက်ဆုံးကစားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်မှာလည်း လူကာကူဟာ ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲကိုမှ ပါဝင်ခဲ့ရခြင်း မရှိထားခဲ့ပါဘူး။

Photo Credit : Bleacher Report

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က “ရိုမီလူလို ကစားသမားတွေအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ သူက လက်ရွေးစင် ပွဲ(၁၀၀)ကျော်အထိ ကစားထားနိုင်ခဲ့တဲ့ လူပါ။ နွေရာသီ မပြီးမချင်းတော့ ကစားသမားတွေရဲ့ အခြေအနေကို အကဲဖြတ်ဦးမှာ မဟုတ်ပါဘူး။ ဒါကလည်း ပုံမှန်မဟုတ်တာကြောင့်ပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲက (၇)လလောက် လိုသေးတာကြောင့် ပြိုင်ပွဲကျင်းပဖို့ အခုအချိန်ထက် ပိုပြီးနီးကပ်လာတဲ့အခါမျိုးမှာ ကစားသမားတစ်ယောက်ချင်းစီရဲ့ ခံစားချက် အသေးစိတ်တွေကို ခင်ဗျားသိသွားရပါလိမ့်မယ်။ နွေရာသီမှာ ကစားသမားတွေက အသင်းအပြောင်းအလဲတွေ ရှိလာဦးမှာ။ ရိုမီလူက စက်တင်ဘာလထဲမှာပဲ သူရဲ့စိတ်ခံစားမှုအပေါ် အကဲဖြတ်ရမှာဖြစ်ပြီးတော့ အေဒင်ဟာဇက်နဲ့ တခြားကစားသမားတွေလည်း ဒီလိုလုပ်ရပါလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ အင်တာမီလန်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ နှစ်ရာသီအတွင်း (၆၄)ဂိုးထိပါ သွင်းယူနိုင်ခဲ့တဲ့ လူကာကူဟာ ချယ်လ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိလာချိန်မှာတော့ (၃၅)ပွဲအတွင်း (၁၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို သူရဲ့ပရီးမီးယားလိဂ်သွင်းဂိုးဟာလည်း (၅)ဂိုးသာ ရှိနေခဲ့ရပါတယ်။

Exit mobile version