လီဗာပူးလ္ တုိက္စစ္မွဴး ဖာမင္ႏုိက ၿပီးခဲ့တဲ့ ရာသီမွာ ပရီးမီးယားလိဂ္ ဆုဖလား ရရွိဖုိ႔ အလြန္ကုိ နီးစပ္ခဲ့ရာကေန လက္လြတ္ခဲ့ရသလုိမ်ဳိး လက္ရွိရာသီမွာ မျဖစ္မခံႏုိင္ပါဘူးလုိ႔ ေျပာဆုိသြားခဲ့ၿပီး ပရီးမီးယားလိဂ္ ဖလားက လီဗာပူးလ္အသင္းရဲ႕ လက္ထဲမွာပဲ ရွိတယ္လုိ႔ ေျပာခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ (၁) ပဲြသာ ရႈံးခဲ့ေပမဲ့ သေရပဲြစဥ္ မ်ားေနခဲ့တာေၾကာင့္ မန္စီးတီးအသင္းနဲ႔ (၁) မွတ္ကြာသြားခဲ့ၿပီး ပရီးမီးယားလိဂ္ ဆုဖလားကုိ လက္လြတ္ခဲ့ရပါတယ္။

Photo Credit: Gettyimage

လီဗာပူးလ္အသင္းဟာ (၂၀၁၈-၂၀၁၉) ခုႏွစ္ ပရီးမီးယားလိဂ္ ရာသီမွာ ကလပ္စံခ်ိန္တင္ ရမွတ္ (၉၇) မွတ္ ရရွိၿပီး လီဗာပူးလ္အသင္းရဲ႕ သမုိင္း တစ္ေလွ်ာက္ ပရီးမီးယားလိဂ္ ရမွတ္ အမ်ားဆုံး ရာသီ ျဖစ္ခဲ့ေပမဲ့ ဆုဖလားနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ လီဗာပူးလ္အသင္းဟာ လက္ရွိရာသီမွာေတာ့ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၁) ပဲြ ကစားၿပီးရာမွာ ရႈံးပဲြမရွိခဲ့ဘဲ (၁) ပဲြသာ သေရက်ထားတာေၾကာင့္ တုိက္စစ္မွဴး ဖာမင္ႏုိက ပရီးမီးယားလိဂ္က သူတုိ႔ရဲ႕ လက္ထဲမွာပဲ ရွိတယ္လုိ႔ ေျပာသြားပါတယ္။

Photo Credit: Gettyimage

တုိက္စစ္မွဴး ဖာမင္ႏုိက “ၿပီးခဲ့တဲ့ ႏွစ္က ကြ်န္ေတာ္တုိ႔ ပရီးမီးယားလိဂ္ ဆုဖလားကုိ ရရွိဖုိ႔ နီးစပ္ခဲ့ပါတယ္။ ကြ်န္ေတာ္တုိ႔ ဆုဖလား မရလုိ႔ စိတ္မေကာင္း ျဖစ္ခဲ့ၾကပါတယ္။ ကြ်န္ေတာ္တုိ႔ လက္ရွိရာသီမွာ အခြင့္အေရး ရွိေနၿပီး ဆုဖလားဟာ ကြ်န္ေတာ္တုိ႔ရဲ႕ လက္ထဲမွာပဲ ရွိပါတယ္။ ကြ်န္ေတာ္တုိ႔ ဒါကုိ ဆက္ထိန္းထားရပါမယ္၊ ဆက္ႀကိဳးစားရမယ္၊ ဒီလမ္းကုိ မွန္ကန္စြာ ဆက္ေလွ်ာက္ရမယ္၊ အႏုိင္လုိခ်င္တဲ့ ဓိတ္ဓါတ္ ရွိေနရပါမယ္”လုိ႔ Liverpolfc.com သတင္းမွာ ေျပာသြားခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုက ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ အလွန်ကို နီးစပ်ခဲ့ရာကနေ လက်လွတ်ခဲ့ရသလိုမျိုး လက်ရှိရာသီမှာ မဖြစ်မခံနိုင်ပါဘူးလို့ ပြောဆိုသွားခဲ့ပြီး ပရီးမီးယားလိဂ် ဖလားက လီဗာပူးလ်အသင်းရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁) ပွဲသာ ရှုံးခဲ့ပေမဲ့ သရေပွဲစဉ် များနေခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့ (၁) မှတ်ကွာသွားခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားကို လက်လွတ်ခဲ့ရပါတယ်။

Photo Credit: Gettyimage

လီဗာပူးလ်အသင်းဟာ (၂၀၁၈-၂၀၁၉) ခုနှစ် ပရီးမီးယားလိဂ် ရာသီမှာ ကလပ်စံချိန်တင် ရမှတ် (၉၇) မှတ် ရရှိပြီး လီဗာပူးလ်အသင်းရဲ့ သမိုင်း တစ်လျှောက် ပရီးမီးယားလိဂ် ရမှတ် အများဆုံး ရာသီ ဖြစ်ခဲ့ပေမဲ့ ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးရာမှာ ရှုံးပွဲမရှိခဲ့ဘဲ (၁) ပွဲသာ သရေကျထားတာကြောင့် တိုက်စစ်မှူး ဖာမင်နိုက ပရီးမီးယားလိဂ်က သူတို့ရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ပြောသွားပါတယ်။

Photo Credit: Gettyimage

တိုက်စစ်မှူး ဖာမင်နိုက “ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆုဖလား မရလို့ စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ လက်ရှိရာသီမှာ အခွင့်အရေး ရှိနေပြီး ဆုဖလားဟာ ကျွန်တော်တို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကျွန်တော်တို့ ဒါကို ဆက်ထိန်းထားရပါမယ်၊ ဆက်ကြိုးစားရမယ်၊ ဒီလမ်းကို မှန်ကန်စွာ ဆက်လျှောက်ရမယ်၊ အနိုင်လိုချင်တဲ့ ဓိတ်ဓါတ် ရှိနေရပါမယ်”လို့ Liverpolfc.com သတင်းမှာ ပြောသွားခဲ့ပါတယ်။