ဂန္တဝင် ဘယ်နောက်ခံ ကစားသမားဟောင်း ရော်ဘတ်တို ကားလို့စ်ကတော့ နိုင်ငံချင်းတူတဲ့ ဘရာဇီး လက်ရွေးစင် နဲ့ ရီးရဲလ် အသင်းဖော်ဟောင်း ရိုနယ်ဒို (ဒိုကြီး) ကို ချီးကျူးသွားခဲ့ပြီး နေမာ၊ မက်ဆီ နဲ့ ရော်နယ်ဒို (ဒိုလေး) တို့က သူ့ကို မယှဉ်နိုင်ပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒိုကြီးဟာ (၁၉၉၆-၈၇) ခုနှစ်က ဘာစီလိုနာအသင်းမှာ (၁) ရာသီ ကစားခဲ့စဉ်က အလွန် အောင်မြင်ခဲ့ပေမယ့် အင်တာမီလန်အသင်းကို ပြောင်းသွားတဲ့ အချန်မှာ ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး လာလီဂါ ပြိုင်ပွဲကို နောက်ထပ် တစ်ကြိမ် ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဒိုကြီးဟာ အင်တာမီလန်အသင်းမှာ (၅) နှစ်ကြာ ကစားပြီးနောက် လာလီဂါ ပြိုင်ပွဲကို ပြန်လာတဲ့ အချိန်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ မဟာ ပြိုင်ဘက် ရီးရဲလ်အသင်းကို ပြောင်းရွေ့လာခဲ့ပြီး ရီးရဲလ်အသင်းမှာ အထွန်တောက်ဆုံး အချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒိုကြီးဟာ ရီးရဲလ်အသင်းမှာ ရော်ဘတ်တို ကားလို့စ်နဲ့ အတူ ကစားခဲ့ပြီး ကားလို့စ်ကတော့ ဒိုကြီးဟာ အနှိုင်းမဲ့ ကစားသမား ဖြစ်ပြီး လက်ရှိ နာမည်ကျော် ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဆီ၊ နေမာ နဲ့ ဒိုလေးတို့က သူ့ကို မယှဉ်နိုင်ပါဘူးလို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ရော်ဘတ်တို ကာလိုးစ်က “ဒိုကြီးက လေ့ကျင့်ရေးကွင်းမှာ ထင်ပေါ်နေခဲ့တယ်။ သူကသာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ နောက်ထပ် ဒိုကြီး မရှိနိုင်တော့ပါဘူး။ နေမာ၊ ဒိုလေး နဲ့ နေမာ ကတောင် ဒိုကြီးကို မယှဉ်နိုင်ပါဘူး။ ဒိုကြီးက အနှိုင်းမဲ့ ကစားသမားပါပဲ။ ကျွန်တော်တို့ရဲ့ မျိုးဆက်မှာ ဂိုး တစ်ဂိုးသွင်းဖို့ ပို ခက်ခဲတယ်လို့ ကျွန်တော် ထင်ပါတယ်။ အရင်က ဆိုရင် ခန္စကိုယ် ကြံခိုင်မှုက ပို လိုအပ်တယ်။ တိုက်စစ်မှူးတွေကို ကပ်ကစားတာ ပို နည်းတယ်။ ဒါပေမယ့် ဒိုကြီးကတော့ ဘာမဆို လုပ်နိုင်တယ်။ သူ ရီးရဲလ်အသင်းကို ရောက်ရှိလာတော့ သူ ဘယ်လောက်ထိ မယုံနိုင်စရာ ကောင်းသလဲ ဆိုတာကို ကျွန်တော် သိသွားခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်အသင်းက လူတွေ အများစုကတော့ မသိခဲ့ကြပါဘူး”လို့ ပြောသွားပါတယ်။