ချယ်လ်ဆီး ရီးရဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေဆီမှာ ပါဝင်ကစားခဲ့ဖူးပြီးတော့ အောင်မြင်မှုတွေကိုလည်း များစွာရယူနိုင်ခဲ့တဲ့ ဝါရင့်နယ်သာလန် တောင်ပံကစားသမားကြီး အာဂျန်ရော်ဘင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နှစ်လည်ပိုင်းလောက်ကပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး အနားယူခဲ့ပေမယ့် လက်ရှိမှာတော့ သူ့အနေနဲ့ ဘောလုံးသမားဘဝထဲကို ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒရှိနေတာကြောင့် မကြာခင်မှာ မြက်ခင်းစိမ်းပေါ် ပြန်ရောက်လာနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : DW

အသက်(၃၆)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အာဂျန်ရော်ဘင်ဟာ သူရဲ့နောက်ဆုံးကလပ်အသင်းဖြစ်တဲဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ချိန် ၂၀၁၉ခုနှှစ် ဇူလိုင်လအတွင်းမှာပဲ ၁၉နှစ်တာ သက်တမ်းရှိခဲ့တဲ့ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီလို အဆုံးမသတ်ခင်မှာ သူ့ကို အသင်းဟောင်း ပီအက်စ်ဗွီအပါအဝင် နယ်သာလန်ကလပ်အသင်းတွေကနေ ကမ်းလှမ်းခဲ့ပေမယ့်လည်း ရော်ဘင်ကတော့ အနားယူဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရော်ဘင်က “အနားယူမယ်လို့ ကြေညာခဲ့ပြီး စစချင်းလောက်မှာတော့ ကျွန်တော်ဘောလုံးလောကကို အရမ်းကြီး မလွမ်းဆွတ်မိဘူး”

Photo Credit : DW

“ဒါပေမယ့် အဲ့ဒီနောက်ပိုင်းကတည်းက ငါဘောလုံးကို အနည်းငယ်လောက် ထပ်ကစားချင်နေသေးတယ်ဆိုတဲ့ အတွေးမျိုးတွေ ပြန်တွေးမိလာပါတယ်။ ဒီခံစားချက်တွေက ကျွန်တော့်ဆီမှာ အချိန်နဲ့အမျှ ရှိလာခဲ့ပါတယ်။ အခုလို ဗိုင်းရပ်စ်ကပ်ဆိုးဖြစ်နေချိန်မှာ ဒီခံစားချက်က ကျွန်တော့်ဆီမှာ ပိုပြီးရှိလာခဲ့တယ်။ ဒါကြီး ပြီးဆုံးသွားရင်တော့ ဘာတွေဆက်ဖြစ်လာမလဲ။ ဒါပေမယ့် ကျွန်တော်ကလည်း အားကစားသမားတစ်ယောက်ပဲဆိုတော့ ဘောလုံးနယ်ပယ်ထဲမှာ ဆက်ပြီးရှိနေဦးမှာ” လို့ ပြောဆိုလာခဲ့ပါတယ်။ ရော်ဘင်ဟာ ဘောလုံးသမားဘဝကနေ အနားမယူခင် ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို (၂)ကြိမ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာလီဂါဆုဖလားကို (၁)ကြိမ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမန်ဘွန်ဒက်လီဂါဖလားကို(၈)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ဖူးပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ဖလားကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။