ချဲလ်ဆီးအသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဝီလီယံ အပြောင်းအရွေ့မှာ အေးဂျင့် လုပ်ခဲ့တဲ့ ဂျိုရာချီယန်က ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီ အပြောင်းအရွေ့အတွင်း ကစားသမားတွေ ခေါ်ယူခဲ့ကြရာမှာ ပေးသင့်တဲ့ ဈေးထက် (၃၀) ရာခိုင်နှုန်း နည်းပြီး ခေါ်ယူနိုင်ခဲ့ကြတယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အရင်က အပြောင်းအရွှေ့ ဈေးကွက် (၂) ကြိမ်မှာ ကစားသမားသစ်တွေကို ခေါ်ယူခွင့် ပိတ်ပင်ခံရပြီး လက်ရှိရာသီမှာတော့ ကိုရိုနာ ဗိုင်းရပ်ကြောင့် အခြားအသင်းတွေ ငွေကြေး မသုံးနိုင်ခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းကတော့ ပေါင် သန်း (၂၀၀) ကျော် သုံးခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီ အပြောင်းအရွေ့မှာ ဇီယက်စ်၊ တီမိုဝါနာ၊ ဘင်ချီဝဲလ်၊ ကိုင်းဟာဗက်စ်၊ သီယာဂိုဆေးလ်ဗား၊ နဲ့ ဆားလ်တို့ကို ခေါ်ယူသွားခဲ့ပြီ ဖြစ်ပေမယ့် ရပ်တန့်ဖွယ် မပေါ်သေးဘဲ လက်ရှိမှာ ဂိုးသမား မန်ဒီကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကစားသမားသစ် (၆) ဦးကို ခေါ်ယူပြီးတဲ့ အချိန်မှာ အပြောင်းအရွေ့ကြေး အသုံးပြုမှုက ပေါင် သန်း (၂၀၀) ကျော်ပဲ ဖြစ်နေတာကြောင့် အေးဂျင့် ဂျိုရာချီယန်က ချဲလ်ဆီး အသင်းအနေနဲ့ ငွေကြေးကို ကောင်းစွာ အသုံးပြုခဲ့တယ်လို့လည်း ချီးကျူးသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ဂျိုရာချီယန်က “ချဲလ်ဆီးအသင်းက ကောင်းစွာ ငွေကြေး သုံးစွဲခဲ့တယ်။ သူတို့ နည်းပြ လမ်းပတ်ကို အပြည့်အဝ ထောက်ပံပေးထားပြီး ဒီဟာက သော့ချက်ပါပဲ။ ကျွန်တော် နည်းပြတွေ များစွာနဲ့ သိပြီး သူတို့ကလည်း ဒီလိုမျိုး ထောက်ပံ့မှုကို ရရှိဖို့ မျှော်လင့်ကြပါတယ်။ ချဲလ်ဆီးအသင်းမှာ ရှိနေနိုင်တဲ့ ဖိအားကတော့ စွမ်းဆောင်ရည်ပါပဲ။ အပြောင်းအရွေ့ ဈေးကွက်က ဆက်လက် ဖြစ်နေပါဦးမယ်။ ဒါပေမယ့် ပြောခဲ့သလိုပါပဲ၊ ချဲလ်ဆီးအသင်းဟာ အရင်က ဝယ်ယူခဲ့သင့်တဲ့ ကစားသမားတွေကိုပဲ ဝယ်ယူနိုင်ခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူတို့က ပေးသင့်တဲ့ ပမာဏထက်ကို (၂၀) ရာခိုင်နှုန်း ဒါမှမဟုတ် (၃၀) ရာခိုင်နှုန်း နည်းပြီး ခေါ်ယူနိုင်ခဲ့ကြတယ်”လို့ ပြောသွားပါတယ်။