ဒီနေ့မနက်ခင်းမှာပဲ သတင်းထူးတစ်ပုဒ် ဘောလုံးလောကအတွင်းမှာ ပျံနှံလာခဲ့ပြီး ဒီသတင်းကတော့ ဂျုဗင်တပ်စ်နောက်ခံကစားသမား ရူဂါနီဆီမှာ လတ်တလော တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားလျက်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ ဆေးစစ်ဆေးမှုမှာ အဖြေထွက်လာခဲ့တဲ့ သတင်းထူးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဥရောပမှာပါ ကိုရိုနာဗိုင်းရပ်စ် ပျံနှံနေပြီဆိုတဲ့ သတင်းက အားလုံးအတွက် မထူးဆန်းတော့ပေမယ့်လို့ ဒီလိုဘောလုံးသမားတစ်ယောက်ဆီမှာ ဗိုင်းရပ်စ်ကူးစက်နေတယ်ဆိုတဲ့ သတင်းက အံ့အားသင့်စရာကောင်းနေသလို အရမ်းကို စိုးရိမ်စရာကောင်းနေတဲ့ အနေအထားကို ရောက်ရှိနေပြီလို့ သတ်မှတ်နိုင်ပါတယ်။

Photo Credit : Getty Image

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ဟာ လက်ရှိ ဥရောပတိုက်ဘက်မှာ အရမ်းကိုပျံ့ပွားလျက်ရှိနေပြီး အီတလီနိုင်ငံမှာတော့ အများဆုံးဖြစ်ပွားလို့နေကာ အီတလီအိုလံပစ်ကော်မတီကနေပါ အီတလီနိုင်ငံအတွင်း အားကစားပြိုင်ပွဲတွေကို ဧပြီလဆန်းပိုင်းအထိ ကျင်းပခြင်းမပြုရန် တားမြစ်ထားခဲ့ရပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ကြားကနေ အခုလို အီတလီဘောလုံးသမားဖြစ်သူ ရူဂါနီကပါ ကိုရိုနာဗိုင်းရပ်စ် Positive ဖြစ်နေခဲ့တယ်ဆိုတာကြောင့် အခုအခြေအနေက အီတလီဘောလုံးလောကအတွက် အစိုးရိမ်ရဆုံး အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit : Getty Image

အခုလို အသင်းဖော်ရူဂါနီ ဗိုင်းရပ်စ်ကူးစက်ခံနေရချိန်မှာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ဆန္ဒမရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အီတလီနိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားခဲ့ရပြီးနောက်ပိုင်းကတည်းက သူရဲ့မွေးရပ်မြေ ပေါ်တူဂီနိုင်ငံကို ပြန်သွားခဲ့တာဖြစ်ပြီး အခုလို အသင်းဖော်တစ်ဦးဆီမှာပါ ဗိုင်းရပ်စ်ကူးစက်နေတဲ့ အခြေအနေကြောင့် ရော်နယ်ဒိုအနေနဲ့ အခုလတ်တလောမှာတော့ ဂျုဗင်တပ်စ်အသင်းဆီ ပြန်လာဖို့ကတော့ အချိန်ယူရဖွယ်ရှိနေပါတယ်။ ရော်နယ်ဒိုဟာ ဗိုင်းရပ်စ်ဂယက်ကို ရှောင်ရှားနိုင်ဖို့အတွက်ရော လေဖြတ်ရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူကို ပြုစုဖို့အတွက်ပါ မွေးရပ်မြေမာဒီရားမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ရတာဖြစ်ပါတယ်။