မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကြင္းလယ္ ကစားသမားျဖစ္တဲ့ လင္ဂတ္ဟာ စူပါ ေအးဂ်င့္ရိုင္းအိုလာကို သူ႔ရဲ့ ေအးဂ်င့္အျဖစ္ ခန႔္အပ္ခဲ့ၿပီးေနာက္မွာေတာ့ ယူနိုက္တက္မွ ထြက္ခြာဖို႔အတြက္ စတင္ကာ လုပ္ေဆာင္ေနၿပီ လို႔ အဂၤလန္သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Sky Sports.com

၂၀၁၉ခုႏွစ္မွာ ဆိုးရြားတဲ့ေျခစြမ္းေတြသာ ျပသနိုင္ခဲ့တာေၾကာင့္ လင္ဂတ္ဟာ လက္ရွိမွာ အသင္းပရိသတ္ေတြရဲ့ ေဝဖန္မွုနဲ႔ အလူးအလဲ ရင္ဆိုင္ေနရသူျဖစ္ၿပီး ေျခစြမ္းေပ်ာက္ဆုံးေနတာေၾကာင့္ နည္းျပဆိုးလ္ရွားရဲ့ သတိေပးမွုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါ့ေၾကာင့္လည္း လင္ဂတ္ ဟာ အသင္းကေန ထြက္ခြာဖို႔အတြက္ စတင္ၿပီး ႀကိဳးစားလာခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Sky Sports.com

လင္ဂတ္ရဲ့ေအးဂ်င့္ျဖစ္သူ ရိုင္းအိုလာဟာ လင္ဂတ္နဲ႔ ေအးဂ်င့္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ လင္ဂတ္ကို ေခၚယူဖို႔အတြက္ ေအစီမီလန္ ၊ ရိုးမား ၊ နာပိုလီ ၊ အင္တာမီလန္စတဲ့ စီးရီးေအ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံကာ ေဆြးေႏြးမွုေတြ ျပဳလုပ္ေနတယ္လို႔ အီတလီသတင္းဌာနေတြ ၊ အဂၤလန္သတင္းစာေတြက အတည္ျပဳထားၾကပါတယ္။

Photo Credit: Sky Sports.com

လက္ရွိျဖစ္ေပၚေနတဲ့ အေနအထားအရ လင္ဂတ္ကို ေခၚယူဖို႔အတြက္ အင္တာမီလန္ အသင္းကလြဲရင္ က်န္တဲ့အသင္းသုံးသင္းစလုံးဟာ စိတ္ဝင္စားေနၾကၿပီး အဆိုပါအသင္းေတြထဲမွာ ရိုးမားနဲ႔ ေအစီမီလန္အသင္းဟာ လင္ဂတ္ ကို ေခၚယူနိုင္ဖို႔ အေကာင္းဆုံးအေနအထားမွာ ရွိေနပါတယ္။ ယူနိုက္တက္အသင္းဘက္က လင္ဂတ္ကို ေျပာင္းေရႊ႕ေၾကး ယူရို၂၀သန္း ဝန္းက်င္နဲ႔ ေရာင္းခ်ဖို႔အတြက္ စိတ္ကူးေနပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ကစားသမားဖြစ်တဲ့ လင်ဂတ်ဟာ စူပါ အေးဂျင့်ရိုင်းအိုလာကို သူ့ရဲ့ အေးဂျင့်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်မှ ထွက်ခွာဖို့အတွက် စတင်ကာ လုပ်ဆောင်နေပြီ လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Sky Sports.com

၂၀၁၉ခုနှစ်မှာ ဆိုးရွားတဲ့ခြေစွမ်းတွေသာ ပြသနိုင်ခဲ့တာကြောင့် လင်ဂတ်ဟာ လက်ရှိမှာ အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ အလူးအလဲ ရင်ဆိုင်နေရသူဖြစ်ပြီး ခြေစွမ်းပျောက်ဆုံးနေတာကြောင့် နည်းပြဆိုးလ်ရှားရဲ့ သတိပေးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း လင်ဂတ် ဟာ အသင်းကနေ ထွက်ခွာဖို့အတွက် စတင်ပြီး ကြိုးစားလာခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports.com

လင်ဂတ်ရဲ့အေးဂျင့်ဖြစ်သူ ရိုင်းအိုလာဟာ လင်ဂတ်နဲ့ အေးဂျင့်စာချုပ် ချုပ်ဆိုပြီးနောက် လင်ဂတ်ကို ခေါ်ယူဖို့အတွက် အေစီမီလန် ၊ ရိုးမား ၊ နာပိုလီ ၊ အင်တာမီလန်စတဲ့ စီးရီးအေ အသင်းကြီးတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အီတလီသတင်းဌာနတွေ ၊ အင်္ဂလန်သတင်းစာတွေက အတည်ပြုထားကြပါတယ်။

Photo Credit: Sky Sports.com

လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ လင်ဂတ်ကို ခေါ်ယူဖို့အတွက် အင်တာမီလန် အသင်းကလွဲရင် ကျန်တဲ့အသင်းသုံးသင်းစလုံးဟာ စိတ်ဝင်စားနေကြပြီး အဆိုပါအသင်းတွေထဲမှာ ရိုးမားနဲ့ အေစီမီလန်အသင်းဟာ လင်ဂတ် ကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ယူနိုက်တက်အသင်းဘက်က လင်ဂတ်ကို ပြောင်းရွှေ့ကြေး ယူရို၂၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့အတွက် စိတ်ကူးနေပါတယ်။