၂၀၁၉ခုႏွစ္မွာ ယူနိုက္တက္အသင္းအတြက္ ေကာင္းမြန္တဲ့ ေျခစြမ္းေတြကို မျပသနိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ ျပင္းထန္တဲ့ ေဝဖန္မွုေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ ကြင္းလယ္တိုက္စစ္ ကစားသမား ဂ်က္စီလင္ဂတ္ဟာ စူပါေအးဂ်င့္ ရိုင္းအိုလာကို သူ႔ရဲ့ ေအးဂ်င့္အျဖစ္ ခန႔္အပ္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ အီတလီစီးရီးေအ အသင္းတစ္သင္းျဖစ္တဲ့ ေအစီမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ နီးကပ္ေနၿပီလို႔ သိရွိရပါတယ္။

Photo Credit: Sports Bible.com

အီတလီသတင္းစာေတြရဲ့ ေဖာ္ျပခ်က္ေတြအရ ရိုင္းအိုလာ သူနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးေတြ ရွိတဲ့ ေအစီမီလန္အသင္းကို လင္ဂတ္အား ဝယ္ယူလိုပါက ဝယ္ယူနိုင္ေၾကာင္း အသိေပးခဲ့ေၾကာင္းနဲ႔ ေအစီမီလန္အသင္းဘက္ကလည္း အသင္းကေန ထြက္ခြာဖို႔အတြက္ နီးစပ္ေနတဲ့ ေတာင္ပံကစားသမား ဆူဆိုရဲ့ေနရာအတြက္ လင္ဂတ္ကို အစားထိုးအျဖစ္ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။

Photo Credit: Sports Bible.com

ယူနိုက္တက္အသင္းဘက္ကေတာ့ အသင္းရဲ့ ကစားသမားေတြကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ လက္လႊတ္ဖို႔ ဆႏၵမရွိဘူးလို႔ သိထားရေပမယ့္ လင္ဂတ္အတြက္ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ယူရို၂၅သန္း ဝန္းက်င္ ရရင္ လက္လႊတ္သြားဖို႔ ရွိေနတယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ပါတယ္။ လက္ရွိေစ်းကြက္အေနအထားအရ လင္ဂတ္ရဲ့တန္ေၾကးဟာ ယူရို၃၀သန္းဝန္းက်င္ ရွိနိုင္တယ္လို႔ ေဘာလုံးကၽြမ္းက်င္သူေတြက တြက္ခ်က္ထားၾကပါတယ္။

Photo Credit: Sports Bible.com

လက္ရွိ အီတလီစီးရီးေအမွာ ယူနိုက္တက္ ကစားသမားေဟာင္းေတြျဖစ္တဲ့ လူကာကူ ၊ ဒါမီယန္ ၊ မိုဗစ္ ၊ မစ္ခီတာရန္းအစရွိတဲ့ ကစားသမားေတြ ကစားေနၾကသလို ဆန္းခ်က္ ၊ စေမာလင္းစတဲ့ ကစားသမားေတြဟာလည္း အငွားနဲ႔ သြားေရာက္ကစားေနရင္း ေျခစြမ္းေတြ ျပသေနတာေၾကာင့္ ယူနိုက္တက္အသင္းဟာ စီးရီးေအနဲ႔ ကံစပ္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါ့ေၾကာင့္ လင္ဂတ္တစ္ေယာက္ ဇန္နဝါရီကာလမွာ ေအစီမီလန္အသင္းထံ ေရာက္ရွိသြားမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပါ။

၂၀၁၉ခုနှစ်မှာ ယူနိုက်တက်အသင်းအတွက် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို မပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်စီလင်ဂတ်ဟာ စူပါအေးဂျင့် ရိုင်းအိုလာကို သူ့ရဲ့ အေးဂျင့်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် လက်ရှိမှာတော့ အီတလီစီးရီးအေ အသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးကပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit: Sports Bible.com

အီတလီသတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ ရိုင်းအိုလာ သူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိတဲ့ အေစီမီလန်အသင်းကို လင်ဂတ်အား ဝယ်ယူလိုပါက ဝယ်ယူနိုင်ကြောင်း အသိပေးခဲ့ကြောင်းနဲ့ အေစီမီလန်အသင်းဘက်ကလည်း အသင်းကနေ ထွက်ခွာဖို့အတွက် နီးစပ်နေတဲ့ တောင်ပံကစားသမား ဆူဆိုရဲ့နေရာအတွက် လင်ဂတ်ကို အစားထိုးအဖြစ် ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible.com

ယူနိုက်တက်အသင်းဘက်ကတော့ အသင်းရဲ့ ကစားသမားတွေကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လက်လွှတ်ဖို့ ဆန္ဒမရှိဘူးလို့ သိထားရပေမယ့် လင်ဂတ်အတွက် ပြောင်းရွှေ့ကြေးအနေနဲ့ ယူရို၂၅သန်း ဝန်းကျင် ရရင် လက်လွှတ်သွားဖို့ ရှိနေတယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ လက်ရှိစျေးကွက်အနေအထားအရ လင်ဂတ်ရဲ့တန်ကြေးဟာ ယူရို၃၀သန်းဝန်းကျင် ရှိနိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက တွက်ချက်ထားကြပါတယ်။

Photo Credit: Sports Bible.com

လက်ရှိ အီတလီစီးရီးအေမှာ ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူ ၊ ဒါမီယန် ၊ မိုဗစ် ၊ မစ်ခီတာရန်းအစရှိတဲ့ ကစားသမားတွေ ကစားနေကြသလို ဆန်းချက် ၊ စမောလင်းစတဲ့ ကစားသမားတွေဟာလည်း အငှားနဲ့ သွားရောက်ကစားနေရင်း ခြေစွမ်းတွေ ပြသနေတာကြောင့် ယူနိုက်တက်အသင်းဟာ စီးရီးအေနဲ့ ကံစပ်တယ်လို့ ပြောလို့ရပါတယ်။ ဒါ့ကြောင့် လင်ဂတ်တစ်ယောက် ဇန်နဝါရီကာလမှာ အေစီမီလန်အသင်းထံ ရောက်ရှိသွားမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။