မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ရီယိုဖာဒီနန်က သူရဲ့ပြိုင်ဘက်ဟောင်းအသင်းတစ်သင်းဖြစ်ခဲ့ဖူးတဲ့ လီဗာပူးလ်အသင်းအနေနဲ့ သူတို့အသင်းရဲ့ ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မီနာကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်မယ်ဆိုရင် သူရဲ့နေရာအတွက် ပြန်လည်အစားထိုးဖို့ ခက်ခဲလိမ့်မယ်လို့ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး The Liverpool Echo ဝက်ဆိုဒ်မှာ သူရဲ့အမြင်ကို ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

အသက်၃၄နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်မီနာဟာ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ နည်းပါးလျက်ရှိနေပေမယ့်လည်း ပွဲထွက်ခွင့်ရတဲ့ပွဲတိုင်းမှာလည်း အသင်းအတွက် အကျိုးပြုအောင် ကစားပေးနိုင်သူဖြစ်ပါတယ်။ မီနာက နောက်ခံအစွန်လူနေရာမှာရော ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ နည်းပြရဲ့လိုအပ်ချက်တိုင်း ကစားပေးနိုင်သူဖြစ်သလို မနေ့ညက ဘုန်းမောက်နဲ့ပွဲမှာလည်း အသင်းနဲ့ ပွဲထွက်ပါဝင်လာခဲ့ပြီး သူရဲ့ဂိုးစည်ပေါ်ကနေ ဘောလုံးရှင်းထုတ်မှုကြောင့် လီဗာပူးလ်အသင်းအနေနဲ့လည်း ဂိုးပြန်ပေးရမယ့်အရေးကနေ လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Express

ဒီလို အသင်းအတွက် အကောင်းဆုံးကစားပြနေနိုင်သေးတဲ့ ဂျိမ်းစ်မီနာနဲ့ပတ်သက်ပြီး သူရဲ့လိဒ်ယူနိုက်တက်အသင်းမှာ အသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ဖာဒီနန်က “သူက လိဒ်မှာ ကစားခဲ့စဉ်တုန်းက တိုက်စစ်ကို လိုက်ပါကစားတဲ့ တောင်ပံတိုက်စစ် ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုတော့လည်း နေရာပေါင်းစုံမှာ အကောင်းဆုံးလိုက်လံကစားနေနိုင်တဲ့ ကစားသမားတစ်ယောက်တောင် ဖြစ်သွားခဲ့ပါတယ်။ ခရော့ချ်ပြောခဲ့သလိုပေါ့။ အသင်းတစ်သင်းက ချန်ပီယံလိဂ်ဖလားရော ပရီးမီးယားလိဂ်ဖလားတွေပါ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မီနာလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားသင့်ပြီး အခု ယာဂန်ကလော့မှာလည်း မီနာကို ပိုင်ဆိုင်ထားလို့ မီနာကို ဘယ်နေရာမှာထားကစားခိုင်းရင် ကောင်းမလဲလို့ စဉ်းစားတွေးတောနေမှာ သေချာပါတယ်။ ဒါကြောင့် သူ့လို ကစားသမားသာ အသင်းက ထွက်သွားမယ်ဆိုရင် သူ့နေရာအတွက် အစားထိုးဆိုတာ သေချာပေါက်ကို ခက်ခဲစေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။