မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းသင့်ပြီလို့ သူ့ရဲ့ အင်စတာဂရမ်မှာ အတိသလင် ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမယ့် ဧပြီလ (၃၀) ရက်နေ့အထိ ရပ်နားထားပြီး လုံခြုံမှု မရှိသေးဘူးဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ထပ်တိုး ရပ်နားနိုင်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရပ်နားထားပြီး နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ရမှတ် (၂၅) ဖြတ် ဦးဆောင်နေလျက် ရှိပါတယ်။

Photo Credit: Dailymail

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့အတွက် နောက်ထပ် ရမှတ် (၆) မှတ်ပဲ လိုအပ်တော့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းရင် မရနိုင်တော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို တစ်ကြိမ်မှ မရဖူးဘဲ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိဖို့အတွက် အလွန် နီးစပ်နေပြီ ဖြစ်ပါတယ်။ မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ ကျန်းမာရေးက အရေးကြီးတာကြောင့်် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားသင့်ပြီ ဖြစ်တယ်လို့ အကြံပေး ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

လှုမှုကွန်ရက် အင်စတာဂရမ်ပေါ်မှာ ဖာဒီနန်က “ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းသင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။ ပရီးမီးယားလိဂ်ကို ဖျက်သိမ်းရပါလိမ့်မယ်။ လီဗာပူးလ် ပရိသတ်တွေ အများကြီးက အို ရီအို၊ မင်းက မန်ယူအသင်းကို အားပေးလို့ မဟုတ်လားလို့ ပြောလာကြမယ် ဆိုတာကို ကျွန်တော် သိပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ ဒါက မဖြစ်နိုင်တော့လို့ ပြောရတာပါ။ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ရိုးရိုးရှင်းရှင်းပါပဲ”လို့ ဖော်ပြ ရေးသားသွားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မဖျက်သိမ်းဘဲ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကွင်းပိတ် ကစားဖို့ တောင်းဆိုထားပြီး ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။