အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ရီယိုဖာဒီနန်က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်် ဥက္ကဌအဖြစ် ဆောင်ရွှက်နေတဲ့ PIF လုပ်ငန်းစုပိုင် ကလပ်အသင်း ဖြစ်လာခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ ရာဟင်စတာလင် ဒက်ကလန်ရိုက်စ်နဲ့ ဂျက်ဆီလင်ဂတ်တို့ကို အသင်းအတွက် အရခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Metro

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ပိုင်ရှင်သစ်လက်အောက် စတင်ရောက်ရှိပြီးကတည်းက နာမည်ကျော် ဘောလုံးသမားတွေနဲ့ နေ့စဉ်ရက်ဆက် သတင်းတွေ ထွက်ပေါ်လျက်ရှိနေတာဖြစ်ပြီး ဖာဒီနန်ကိုယ်တိုင်ကလည်း နယူးကာဆယ် ပိုင်ရှင်သစ်တွေအနေနဲ့ အသင်းကို အင်္ဂလန်ကြယ်ပွင့် ကစားသမားတွေနဲ့ သွေးသစ်လောင်း ပြန်လည်တည်ဆောက်သင့်ကြောင်း စတာလင် ရိုက်စ်နဲ့ လင်ဂတ်တို့လို ကစားသမားတွေကို ခေါ်ယူသင့်ကြောင်း အကြံပြု ပြောဆိုလို့သွားခဲ့ပါတယ်။ ဖာဒီိနန်က “ကျွန်တော်ဆိုရင်တော့ အပြောင်းအရွှေ့ကြီး (၂)ခုလောက်ကို ရူးရူးမိုက်မိုက်ပဲ လုပ်ဆောင်လိုက်မှာ။ ကျွန်တော် လုပ်ဆောင်ချင်တာတွေကလည်း တကယ့်ကို ဖြစ်လာနိုင်မယ့် အပြောင်းအရွှေ့တွေလို့လည်း ကျွန်တော်ထင်တယ်”

Photo Credit : Metro

“အရင်ဆုံးတော့ စတာလင်လို ကစားသမားမျိုးကို စောင့်ကြည့်သွားမယ်။ စတာလင်က သူ့အသင်းမှာ ပုံမှန်ကစားခွင့်တွေ သိပ်မရဘူးဆိုတော့ သူ့ကို ကျွန်တော် မေးခွန်းလေးတွေ မေးသွားမယ်။ ပြီးရင်တော့ ဒက်ကလန်ရိုက်စ်ဆီ ဆက်သွယ်မယ်။ ဒီကစားသမား(၂)ယောက်ကတော့ ကျွန်တော်ရဲ့ အဓိက ခေါ်ယူမယ့် ကစားသမားတွေပဲ။ သူတို့(၂)ယောက်ကို အရင်ဆုံး ခေါ်ယူနိုင်အောင် ကြိုးစားပြီးသွားပြီဆိုရင်တော့ မန်ချက်စတာယူနိုက်တက်က ဂျက်ဆီလင်ဂတ်ကို ဆက်လက်ကြိုးပမ်းသွားမယ်။ ကစားသမားတွေကို အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ မေးခွန်းတွေ မမေးသေးချင်းကတော့ ဒါတွေဟာ လက်တွေ့မကျနိုင်ဘူးလို့ ထင်မြင်နိုင်တယ်။ ကျွန်တော်ဆိုရင်တော့ ကိုယ်အလိုရှိနေတဲ့ ကစားသမားဆီကနေ ကိုယ်လိုချင်နေတဲ့ အဖြေစကားမျိုး ပြန်ကြားလာအောင် ကြိုးစားလုပ်ဆောင်သွားမယ်။ ပြီးမှ နောက်ထပ် ကစားသမားတွေကို ဆက်လက်စောင့်ကြည့်သွားမယ်” လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဖာဒီနန်က နယူးကာဆယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ ပခုံးချင်းယှဉ်ဖို့အတွက် ဘာပေ ဟာလန်းတို့လို ကစားသမားတွေကို စျေးကြီးပေးခေါ်တာမျိုးထက် ကိုယ့်ဒေသတွင်းက ကစားသမားကောင်းတွေကိုသာ ဦးစားပေး ခေါ်ယူသင့်တယ်လို့လည်း အကြံပြုသွားခဲ့ပါတယ်။