မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က စပါးတိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းကို ကြည့်ပြီး မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရတုန်းက မပြောင်းခဲ့မိခြင်းအပေါ် ခံစားနေရလိမ့်မယ်လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

Rio Ferdinand says Harry Kane must be 'sick' of watching Erling Haaland  after failed Man City

Photo Credit : Daily Mail

အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက စပါးကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ရပေမယ့် စပါးဘက်ကနေ ကိန်းရဲ့တန်ကြေးကို ပေါင်သန်း(၁၅၀)အထိ တိုးမြှင့်တောင်းဆိုခဲ့ရာကနေ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပြီး ဒီနှစ်နွေမှသာ စီးတီးက နော်ဝေတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာလန်းက အသင်းအတွက် (၁၃)ပွဲသာ ကစားထားရသေးချိန်မှာ စုစုပေါင်း ဂိုး(၂၀)အထိ သွင်းယူထားနိုင်ပြီဖြစ်ပြီး ဟာလန်းလို အခြေအနေမျိုးကို ကိန်း ရရှိခဲ့သင့်တယ်လို့ ကိန်းရဲ့ အင်္ဂလန် စီနီယာကြီးဖြစ်သူ ဖာဒီနန်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ဖာဒီနန်က “ကျွန်တော်သာ မန်စီးတီးမှာ ရှိနေတယ်ဆိုရင် ဟာလန်း မခေါ်ယူခင် ကိန်းကို ခေါ်ယူမိခဲ့မှာ။ ကိန်းက ဂိုးတွေ သွင်းယူတတ်တဲ့သူ။ အဆုံးသတ်ကောင်းတဲ့သူ။ သူ့ကို ရထားမယ်ဆိုရင် အေးဆေးဖြစ်နေလိမ့်မယ်။ ဘယ်လို အခြေအနေမှာမဆို သူက ဂိုးသွင်းနိုင်တယ်။ သူက မန်စီးတီးမှာဆိုရင်လည်း အကောင်းဆုံးတွေ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကိန်းက ဟာလန်းရဲ့ လက်ရှိအခြေအနေကိုကြည့်ပြီး ခံစားနေရမှာ။ ကျွန်တော်ဆိုလည်း သူ့နေရာမှာသာဆို ဒီလိုပဲ ဖြစ်နေရမှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဟာလန်းနေရာမှာ ကိန်း ဖြစ်နေသင့်တာမို့ပါ” လို့ ပြောဆိုုလိုက်ပါတယ်။ ဒါ့အပြင် မန်စီးတီးသာ ပြီးခဲ့တဲ့ရာသီက ကိန်းကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ပါ အခြေအနေ ပိုကောင်းသွားခဲ့လိမ့်မယ်လို့လည်း ဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းနဲ့ ကိန်းတို့က ဒီရာသီ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းယူထားကြတဲ့ ကစားသမားတွေအဖြစ် ရပ်တည်နေကြပြီး ဟာလန်းက (၁၅)ဂိုး သွင်းထားသလို ကိန်းကတော့ (၈)ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။