အယ်တီဟတ်ကွင်းမှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်မှာ ပကျော့တုန်းက ခံစစ် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး မန်စီးတီးရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကိုပါ ရင်ဆိုင်နိုင်ခဲ့သူ ရူဒီဂါကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းခြင်း မရှိပဲ အရန်စာရင်း ပို့ထားခဲ့ခြင်းအပေါ် ရီယိုဖာဒီနန်က မေးခွန်းထုတ်လိုက်ပါတယ်။

The German international expertly dealt with City striker Erling Haaland in last week's first leg

Photo Credit : Daily Mail

ပကျော့ပွဲစဉ်တုန်းက ခံစစ်ကစားသမား မီလီတာအို ပွဲပယ်ခံရနေလို့ အလာဘာနဲ့ ရူဒီဂါတို့ကို တွဲဖက် အသုံးပြုရင်း ဂျာမနီသားကြီး ရူဒီဂါက ဒီရာသီ ပြိုင်ပွဲစုံမှာ ဂိုး(၅၀)ကျော် သွင်းယူထားသူ စီးတီးရဲ့ ဂိုးသွင်းစက်ကြီး ဟာလန်းကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုကျော့မှာတော့ ရီးယဲလ် နည်းပြကြီး အန်ဆလော့တီက ပွဲပယ်ကနေ လွတ်ကင်းသွားတဲ့ မီလီတာအိုကို အလာဘာနဲ့ ပြန်တွဲပေးရင်း ရူဒီဂါကိုတော့ အရန်စာရင်းမှာပဲ ပို့ဆောင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဖာဒီနန်က သူ နားမလည်နိုင်အောင် ဖြစ်မိရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Eder Militao (left) was favoured by Ancelotti instead having impressed for Madrid all season

Photo Credit : Daily Mail

“ကျွန်တော် တကယ် မသိပါဘူး။ ပထမအကျော့ ပွဲစဉ်ကို ပြီးဆုံးအောင် ကြည့်ပြီးတော့ တွေးလိုက်မိတာက နောက်ဆုံးမှာ ဟာလန်းနဲ့ ယှဉ်ကစားနိုင်မယ့် နောက်ခံလူတစ်ဦးကို တွေ့မြင်ရပြီဆိုပြီး တွေးမိလိုက်တာ။ တစ်ခါတစ်လေကျတော့ သင်ကိုယ်တိုင် တွေးတောရတယ်။ အန်ဆလော့တီက ကြိုးစားပြီး စမ်းသပ်ခဲ့တယ်။ ပြီးရင် သူ သိတဲ့ ကစားသမားနဲ့ပဲ ကစားစေတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်း မီလီတာအိုနဲ့ပဲ သူတို့ အနိုင်ရခဲ့တာပဲလေ။ ဒါကြောင့်လည်း ဒီလိုပဲ ပွဲထွက်လာခဲ့တယ်လို့ မြင်မိပါတယ်။ ကျွန်တော်ကတော့ ဒါကို ကြီးမားတဲ့ ရွေးချယ်မှုလို့ပဲ ထင်မိတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အဓိက ကစားသမားနဲ့ ယှဉ်ပြီး အကောင်းဆုံး ကစားနိုင်ခဲ့သူကို ဘယ်လိုကြောင့်များ ချန်လှပ်ခဲ့ရတာလဲ” လို့ ဖာဒီနန်က ပြောဆိုသွားခဲ့ပါတယ်။

တကယ်ဆိုရင် နည်းပြကြီး အန်ဆလော့တီက ဒီပွဲမှာ ခံစစ်ပိုင်းထဲ မီလီတာအို နဲ့ ရူဒီဂါကို တွဲဖက် အသုံးပြုပြီး အလာဘာကို ဘယ်ခြမ်းခံစစ် နဲ့ ကာမာဗင်ဂါကို ကွင်းလယ်နေရာမှာ ထားလိုက်မယ်ဆိုရင် ခံစစ် နဲ့ ကွင်းလယ်ပိုင်း စွမ်းဆောင်မှုက တစ်နည်းတစ်ဖုံ ဖြစ်လာနိုင်ပါတယ်။