အင်္ဂလန် ပရီးမီးယားလိဂ် နောက်ခံ ကစားသမားဟောင်း ဖာနန်ဒက်ကတော့ ဘိုင်ယန်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ လိုင်ယွန်အသင်းနဲ့ ကစားခဲ့စဉ်က ခံစစ်အမှားမျိုး ပြုလုပ်ရင် အပြစ်ပေးခံရမယ်လို့ ပြောခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ လိုင်ယွန်အသင်းကို (၃-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ခံစစ် အမှားတွေ များခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်း ပြန်စတဲ့ အချိန်မှာတော့ အသင်းရဲ့ နောက်ခံလူ ဘိုတန်ကို အသင်းရဲ့ နောက်ခံလူ ဆူးလ်နဲ့ လူစားလဲရတဲ့ အထိ ခံစစ် အခြေအနေ ဆိုးခဲ့ပါတယ်။

Photo Credit: Dailymail

ဘိုင်ယန်အသင်းရဲ့ နောက်ခံလူ အလာဘာ ဆိုရင်လည်း ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့ ကစားခဲ့စဉ်က ကိုယ့်ဂိုးကိုယ် သွင်းခဲ့ပြီး ဘိုင်ယန်အသင်းရဲ့ ခံစစ်ကြောင်းက တိုက်စစ်ကောင်းတဲ့ အသင်းနဲ့ တွေ့မယ် ဆိုရင် ပေးဂိုး များနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာနန်ဒက်စ်က ပီအက်စ်ဂျီ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ နေမာ၊ အမ်ဘာပေ နဲ့ ဒီမာရီယာတို့ဟာ ဘိုင်ယန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ လိုင်ယွန်အသင်းလို့ အခွင့်အရေး ရရင် ဘိုင်ယန်အသင်း (၃) ဂိုး အသွင်းခံရမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Dailymail

နောက်ခံ ကစားသမားဟောင်း ဖာဒီနန်က “ဒီဘိုင်ယန်အသင်းရဲ့ ကစားကွက် ခင်းကျင်းတဲ့ ပုံစံက ဘောလုံး ရယူဖို့ ဖိကစားတာ ဖြစ်ပြီး သူတို့ရဲ့ နောက်တန်းမှာ နေရာလွတ်တွေ များသွားခဲ့ပါတယ်။ ကျွန်တော်တို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာကို လိုင်ယွန်အသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ နည်းဗျူဟာတွေကို ပြောင်းလဲခဲ့တာအတွက် ဝေန်ခဲ့ကြပေမယ့်လည်း အခုတော့ ကျွန်တော်တို့ဟာ နည်းပြ ဖလစ်ခ်ကို အချို့အရာတွေ အပြောင်းအလဲ ပြုလုပ်ဖို့ တောင်းဆိုရပါလိမ့်မယ်။ တကယ်လို့ အမ်ဘာပေ၊ နေမာ နဲ့ ဒီမာရီယာတို့က ဒီနေ့ည ပွဲစဉ်က လိုင်ယွန်အသင်းလိုမျိုး အခွင့်အရေးကို ရရှိနိုင်မယ် ဆိုရင်တော့ ဘိုင်ယန်အသင်းက သူတို့ ဘာမှမလုပ်နိုင်ခင် သွင်းဂိုး (၃) ဂိုး ပေးရလိမ့်မယ်”လို့ ပြောသွားခဲ့ပါတယ်။