MySport Myanmar

မန်ယူက ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးကို မဖြစ်မနေ ခေါ်ယူဖို့ လိုတယ်လို့ ဖာဒီနန် တိုက်တွန်း

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တစ်ရာသီအတွင်း ဂိုး (၂၀) (၂၅)ဂိုးလောက် သွင်းယူနိုင်တဲ့ တိုက်စစ်ကစားသမားတစ်ဦးကိုသာ ခေါ်ယူ အားဖြည့်နိုင်ခဲ့မယ်ဆိုရင် အသင်းနဲ့ မန်ချက်စတာစီးတီး ၊ အာဆင်နယ်အသင်းတို့နဲ့ကြား ကွာဟမှုကို လျှော့ချနိုင်လိမ့်မယ်လို့ ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ ဒီရာသီအစမှာပဲ ဒတ်ချ်လူမျိုး အဲရစ်တန်ဟက်ဂ်နဲ့ စတင် လက်တွဲဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် အန်တိုနီ တစ်ဦးတည်းကိုသာ ခေါ်ယူနိုင်ခဲ့ပါတယ်။ တန်ဟက်ဂ်လက်အောက်မှာတော့ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့ တန်ဟက်ဂ်တို့ကြား ဆက်ဆံရေး မကောင်းတော့ရာကနေ ရော်နယ်လ်ဒိုက အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့လို့ တိုက်စစ်ပိုင်းအတွက် ဗက်ဟို့စ်ကို ခေါ်ယူခဲ့ရပါတယ်။ ဒါပေမယ့် ဗက်ဟို့စ်က အသင်းအတွက် ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနိုင်တ့ striker မျိုး မဟုတ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးမျိုးကို လာမယ့်နွေမှာ မဖြစ်မနေ ခေါ်ယူရလိမ့်မယ်လို့ ဖာဒီနန်က တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit : Daily Mail

“ဒီ ဈေးကွက်ကို ကြည့်ပြီး သူတို့တွေ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မယ်ဆိုရင် သူတို့ နီးစပ်သွားနိုင်ပါလိမ့်မယ်။ သူတို့တွေ အမှတ်ပေး ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ပြောတာ မဟုတ်ဘူးနော်။ ဒါပေမယ့် သူတို့ အခု ရပ်တည်နေတဲ့ နေရာထက်တော့ ပို ကျော်လွန်သွားနိုင်လိမ့်မယ်။ ဂိုးတွေ (၂၀) (၂၅)ဂိုးလောက် သွင်းယူနိုင်တဲ့ တိုက်စစ်ကစားသမား တစ်ဦးကိုသာ ဒီကလပ်အသင်းဆီ ခေါ်ဆောင်လိုက်မယ်ဆိုရင် အများကြီး ပြောင်းလဲသွားနိုင်ပါလိမ့်မယ်။ ရာနှုန်းပြည့် ပြောင်းလဲသွားပါမယ်။” လို့ ဖာဒီနန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ ယူနိုက်တက်အသင်းက တိုက်စစ်ပိုင်းအတွက် စပါး တိုက်စစ်မှူး ဟာရီကိန်းကို အဓိက ပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားလျက် ရှိနေပြီး လာမယ့်နွေမှာ ခေါ်ယူသွားဖို့ ချိန်ရွယ်ထားပေမယ့်လည်း စပါးဘက်က ကိန်းလို အသင်းရဲ့ မရှိမဖြစ် ကစားသမားမျိုးကို အလွယ်တကူ လက်လွတ်သွားဖို့ အစီအစဉ် မရှိသလို ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးများစွာနဲ့မှသာ ရောင်းထုတ်ဖွယ် ရှိနိုင်ပါတယ်။

Exit mobile version