ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အဲဗာတန်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ ရစ်ချာလီဆန် ကတော့ အဲဗာတန်အသင်းရဲ့ ခါးသီးမြို့ခံပြိုင်ဘက် လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ဟာ မီဒီယာတွေ ညွှန်းဆိုနေသလို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူ တဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်ဆီ အခြား ထိပ်တန်း ခံစစ်မှူးတွေ ဖြစ်တဲ့ သီယာဂို ဆေးလ်ဗား ၊ ရာဖေးလ် ဗာရန်း ၊ ရူဘင် ဒီယက်ဇ်တို့ ရောက်လာချိန်မှာ ဘယ်သူက အကောင်းဆုံး ခံစစ်မှူးလဲ ဆိုတာ ပြောရခက်သွားပါတယ်။

Photo Credit: Talksport

ဒါပေမယ့် ဗာဂျယ် ဗန်ဒိုက်ဟာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာလိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာတခု ကနေ ပြန်လည် သက်သာလာချိန်မှာတောင် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသထားနိုင်တာ ကတော့ ချီးကျူးစရာ ဖြစ်ပြီး အခုလိုမျိုး တနှစ်နီးပါး အနားယူနေရာ ကနေ ပြန်လည် သက်သာလာချိန်မှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားဟာ လက်ချိုးရေလို့တောင် ရနိုင်ပါတယ်။

အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ကလည်း ဗန်ဒိုက်ဟာ ထိပ်တန်း ခံစစ်မှူး တဦး ဆိုတာ လက်ခံပေမယ့် ဗန်ဒိုက်ဟာ ပီအက်စ်ဂျီ ခံစစ်မှူး ရာမို့စ် ၊ သူ့ရဲ့ နိုင်ငံအသင်းဖော် သီယာဂို ဆေးလ်ဗားနဲ့ မာကွင်ဟိုတို့လောက် မကောင်းဘူးလို့ ဆိုလိုက်ပါတယ်။

Photo Credit: Talksport

ဗန်ဒိုက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ရစ်ချာလီဆန်က – “အင်္ဂလန်မှာ ရှိတဲ့ လူတိုင်းနီးပါးက လီဗာပူးကို မုန်းတီးကြပါတယ်။ ပြီးတော့ လူတိုင်းက ဗန်ဒိုက်ကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ မဟုတ်ပါဘူး။ သီယာဂို ဆေးလ်ဗား ၊ မာကွင်ဟိုနဲ့ ဆာဂျီယို ရာမို့စ်တို့ အားလုံးက သူ့ထက် ပိုကောာင်းတဲ့ နောက်ခံလူတွေပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။