အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် များစွာအတွက် ပြောင်းရွှေ့ကြေးတွေ ခပ်များများ သုံးစွဲခဲ့ရသလို အခု ဆောင်းစျေးကွက်ထဲမှာလည်း အသင်းက အလိုရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို အရခေါ်သွားဖို့အတွက် အပြောင်းအရွှေ့ အပြီးသတ် ပေါင်သန်း(၁၅၀)လောက်အထိပါ အသုံးပြုရနိုင်ပေမယ့်လည်း အာဆင်နယ်ဘက်ကတော့ အသုံးပြုသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Arsenal True Fans

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း ပရီးမီးယားလိဂ်မှာ ငွေသုံးအများဆုံး ပြုလုပ်ထားတဲ့ ကလပ်အသင်း ဖြစ်ခဲ့ပေမယ့်လည်း FFP စည်းမျဉ်းအရ ဆောင်းစျေးကွက်ထဲမှာ ပေါင်သန်း(၂၀၀)လောက်ကို အသာအယာ အသုံးပြုနိုင်သေးတဲ့ အခြေအနေမျိုး ရှိနေတာကြောင့် အသင်းရဲ့ အဓိကပစ်မှတ် ဗလာဟိုဗစ်ကို အရခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဆာဘီးယားလက်ရွေးစင် ကြယ်ပွင့်ကစားသမားလေး ဗလာဟိုဗစ်အတွက် သူရဲ့ကလပ် ဖီအိုရင်တီးနားအသင်းက ပြောင်းရွှေ့ကြေး ပေါင်(၅၈)သန်းလောက် အလိုရှိနေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း သူရဲ့တစ်ပတ်လုပ်ခအဖြစ် ပေါင်(၃)သိန်းလောက်အထိ ရယူသွားချင်နေချင်သလို ဗလာဟိုဗစ်ရဲ့အေးဂျင့်ကိုလည်း ပေါင်(၁၅)သန်းလောက်အထိ ထပ်မံပေးချေရနိုင်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်သာ ရှိနေသေးတဲ့ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ဗလာဟိုလစ်ကလည်း ဒီရာသီ အီတလီစီးရီးအေမှာ အတော်လေးကို တောက်ပလို့နေပြီး သွင်းဂိုး(၁၆)ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသူအဖြစ် ရပ်တည်နေသလို အသင်းကိုလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာထိပါ ပို့ဆောင်ထားပါတယ်။ ဒီလို အရည်အသွေး မြင့်မားတဲ့ တိုက်စစ်မှူးလေးကို မန်စီးတီး စပါးအသင်းတွေအပြင် အာဆင်နယ်အသင်းကလည်း အလိုရှိနေပြီး လာကာဇက် အူဘာမီယန်းနဲ့ အန်ကယ်တီယာတို့လို တိုက်စစ်မှူးတွေနဲ့ လက်တွဲဖြုတ်ရတော့မယ့် အာဆင်နယ်က ဖီအိုရင်တီးနားအသင်းဆီ အငှားချထားတဲ့ ကွင်းလယ်လူ တော်ရဲရားကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းသွားချင်နေတာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုကိုလည်း ဖီအိုရင်တီးနားဘက်ကနေ လက်ခံချင်ပေမယ့် ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရတဲ့ ကလပ်အသင်းတွေကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် အာဆင်နယ်အတွက် အနည်းလေး ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က အခုစျေးကွက်အတွင်းမှာ ဗလာဟိုဗစ်ကို ပိုင်ဆိုင်နိုင်ဖို့ ငွေအလုံးအရင်း အသုံးပြုသွားမှာဖြစ်လို့ ဒီအပြောင်းအရွှေ့က အခုဆောင်းစျေးကွက်ရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ပါတယ်။