ေဒါ့မြန္ တုိက္စစ္မွဴး မာကုိ ရူးစ္ကေတာ့ ဇန္နဝါရီ အေျပာင္းအေရြ႕ ေစ်းကြက္ စစခ်င္းမွာ ေခၚယူခဲ့တဲ့ တုိက္စစ္မွဴးသစ္ ဟာလန္းကုိ ခ်ီးက်ဴးသြားခဲ့ၿပီး ဟာလန္းကုိ ရလုိက္တာက သိပ္ေကာင္းတဲ့ တုိက္စစ္မွဴးကုိ ရရွိလုိက္တာပါလုိ႔ ေျပာခဲ့ပါတယ္။ ေဒါ့မြန္အသင္းဟာ မန္ယူအသင္း၊ ဂ်ဳဗင္တပ္ အသင္း စတဲ့ ဥေရာပ ထိပ္သီး ကလပ္အသင္းေတြကို အႏုိင္ယူၿပီး (၂၀၁၉) ခုႏွစ္ ဒီဇင္ဘာလက အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ ဟာလန္းကို ယူရုိ သန္း (၂၀) နဲ႔ ေခၚယူႏုိင္ခဲ့ၿပီလုိ႔ အတည္ျပဳခဲ့ပါတယ္။

Photo Credit: Goal

ဟာလန္းဟာ ဆဲလ္ဘတ္အသင္းကေန ေဒါ့မြန္အသင္းကို ေျပာင္းလာခဲ့ၿပီး လက္ရွိရာသီမွာတင္ ဆဲလ္ဘတ္အသင္းအတြက္ ၿပိဳင္ပဲြစုံ (၂၂) ပဲြ ကစားေပးခဲ့ရာမွာ သြင္းဂုိး (၂၈) ဂုိး သြင္းယူႏုိင္ခဲ့လုိ႔ ဥေရာပ ထိပ္သီးအသင္းေတြရဲ႕ စိတ္ဝင္စားမႈကုိ ရရွိခဲ့ပါတယ္။ ဟာလန္းဟာ ေနာက္ဆုံးမွာေတာ့ ေဒါ့မြန္အသင္းကို ေရာက္လာခဲ့ၿပီး အသင္း ကစားေဖာ္ မာကုိ ရူးစ္က ဟာလန္းကုိ ရလုိက္တာက သိပ္ေကာင္းတဲ့ တုိက္စစ္မွဴးကုိ ရလုိက္တာ ျဖစ္တယ္လုိ႔ Sky Deutschland ကုိ ေျပာခဲ့ပါတယ္။

Photo Credit: Goal

မာကုိ ရူးစ္က “ဟာလန္းက ကြ်န္ေတာ္တုိ႔ကုိ ေဘာလုံးကစားဖုိ႔ အခြင့္ေရး အမ်ားႀကီး ေပးပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတ့ နည္းျပက ဘယ္သူ႔ကုိ အသုံးျပဳရမလဲ ေရြးခ်ယ္သြားရမွာပါ။ ကြ်န္ေတာ္တုိ႔မွာ ဟာလန္းေၾကာင့္ ေရြးခ်ယ္စရာ အသစ္ရွိလာပါတယ္။ တစ္ခါတစ္ေလ အေဝးေဘာေတြကုိ အသုံးျပဳၿပီး ကစားႏုိင္ပါတယ္။ ကြ်န္ေတာ္တုိ႔ အခု သိပ္ေကာင္းတဲ့ တုိက္စစ္မွဴးကုိ ရရွိခဲ့ၿပီး သူနဲ႔ ေရြးခ်ယ္စရာအသစ္ ရွိလာပါတယ္။ ဒါေၾကာင့္ အားလုံးေနရာတက် ျဖစ္မွာပါ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

ဒေါ့မွန် တိုက်စစ်မှူး မာကို ရူးစ်ကတော့ ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက် စစချင်းမှာ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဟာလန်းကို ချီးကျူးသွားခဲ့ပြီး ဟာလန်းကို ရလိုက်တာက သိပ်ကောင်းတဲ့ တိုက်စစ်မှူးကို ရရှိလိုက်တာပါလို့ ပြောခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ မန်ယူအသင်း၊ ဂျုဗင်တပ် အသင်း စတဲ့ ဥရောပ ထိပ်သီး ကလပ်အသင်းတွေကို အနိုင်ယူပြီး (၂၀၁၉) ခုနှစ် ဒီဇင်ဘာလက အသင်းတွေနဲ့ ယှဉ်ပြိုင် ဟာလန်းကို ယူရို သန်း (၂၀) နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။

Photo Credit: Goal

ဟာလန်းဟာ ဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းလာခဲ့ပြီး လက်ရှိရာသီမှာတင် ဆဲလ်ဘတ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂) ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး (၂၈) ဂိုး သွင်းယူနိုင်ခဲ့လို့ ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဟာလန်းဟာ နောက်ဆုံးမှာတော့ ဒေါ့မွန်အသင်းကို ရောက်လာခဲ့ပြီး အသင်း ကစားဖော် မာကို ရူးစ်က ဟာလန်းကို ရလိုက်တာက သိပ်ကောင်းတဲ့ တိုက်စစ်မှူးကို ရလိုက်တာ ဖြစ်တယ်လို့ Sky Deutschland ကို ပြောခဲ့ပါတယ်။

Photo Credit: Goal

မာကို ရူးစ်က “ဟာလန်းက ကျွန်တော်တို့ကို ဘောလုံးကစားဖို့ အခွင့်ရေး အများကြီး ပေးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတေ့ နည်းပြက ဘယ်သူ့ကို အသုံးပြုရမလဲ ရွေးချယ်သွားရမှာပါ။ ကျွန်တော်တို့မှာ ဟာလန်းကြောင့် ရွေးချယ်စရာ အသစ်ရှိလာပါတယ်။ တစ်ခါတစ်လေ အဝေးဘောတွေကို အသုံးပြုပြီး ကစားနိုင်ပါတယ်။ ကျွန်တော်တို့ အခု သိပ်ကောင်းတဲ့ တိုက်စစ်မှူးကို ရရှိခဲ့ပြီး သူနဲ့ ရွေးချယ်စရာအသစ် ရှိလာပါတယ်။ ဒါကြောင့် အားလုံးနေရာတကျ ဖြစ်မှာပါ”လို့ ပြောခဲ့ပါတယ်။