ဘာစီလိုနာအသင်းရဲ့ နောက်ခံ ကစားသမား လန်ဂလက်ကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ကောင်းမွန်စွာ အနားယူနိုင်ခဲ့ပြီး ပြိုင်ပွဲ ပြန်စရင် လာလီဂါ ဖလား နဲ့ ချန်ပီယံလိဂ် ဖလား ရရှိအောင် ကူညီဖို့ အဆင်သင့်ပါလို့ ပြောခဲ့ပါတယ်။ နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လာလီဂါ ပြိုင်ပွဲ မရပ်နားရခင် လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) နေရာကို ရရှိထားပြီး အဆင့် (၂) နေရာ လာလီဂါ ပြိုင်ဘက် ရီးရဲလ် မက်ဒရစ်အသင်းကို ရမှတ် (၂) မှတ်အကွာ ဖြတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လာလီဂါ ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် (၃) လကြာနီးပါး ရပ်နားခဲ့ရပြီးတဲ့နောက် အခုလ၊ ဇွန်လ၊ (၁၂) ရက်နေ့မှာ ပြန်လည် စတင်နိုင်ဖွယ် ရှိပြီး ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကတော့ ဘယ်အချိန် ပြန်စမလဲ ဆိုတာကို အခုထက်ထိ မသတ်မှတ်ရသေးတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပြိုင်ပွဲရဲ့ ပထမ အကျော့ ပွဲစဉ်မှာ နာပိုလီအသင်းနဲ့ (၁-၁) သရေကျခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ လန်ဂလက်ကတော့ လက်ရှိရာသီမှာ လာလီဂါ ဖလား နဲ့ ချန်ပီယံလိဂ် ဖလား ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

လန်ဂလက်က “မက်ဆီက ဖြစ်လာမယ့် အရာအတွက် အဆင်သင့် ဖြစ်နေပြီ။ မက်ဆီလိုမျိုး၊ ဂရစ်စမန်းလိုမျိုး၊ ဘက်စဂွတ်လိုမျိုး ကစားသမားတွေက အချိန်တိုင်း ကစားရတယ်။ နိုင်ငံပွဲစဉ်တွလည်း ကစားရတယ်။ ခရီးတွေ များစွား သွားရတယ်။ ဒီတော့ ဗိုင်းရပ်ပိတ်ရက်က ကောင်းတဲ့ အရာပါ။ သူတို့ အနားယူလို့ ရပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလား နဲ့ လာလီဂါ ဖလား ရရှိဖို့ အကောင်းဆုံး ကြိုးစားရလိမ့်မယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ရရှိဖို့ ဆက်ကြိုးစားမယ်။ ကျွန်တော်တို့ ပုံစံကောင်းမှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒီနှစ်ရာသီက ကောင်းတဲ့ ရာသီပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အသင်းကတော့ ဆုဖလား နှစ်ခုစလုံးကို ရရှိနိုင်ဖို့အတွက် အမြင့်မားဆုံး ဆက်လက် ကြိုးစားသွားကြမှာပါ”လို့ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။