မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွက် နောက်ခံကစားသမားတွေကိုသာ ဦးစားပေးခေါ်ယူထားခဲ့ပြီး တိုက်စစ်အတွက်ကိုတော့ စပိန်တောင်ပံကစားသမားလေး ဖယ်ရန်တောရက်စ်ကိုသာ ခေါ်ယူခဲ့ကာ လာမယ့်နှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂူရိုရဲ့နေရာအတွက် အထောင်တိုက်စစ်မှူးတစ်ယောက်ကို ဖြည့်တင်းဖို့ ပျက်ကွယ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ အဂူရိုရဲ့နေရာကို အစားထိုးရမယ့် ကိစ္စက အသင်းအတွက် စဉ်းစားရ အခက်ခဲဆုံး ကိစ္စတစ်ခု ဖြစ်နေရတာကြောင့်ပဲလို့ ကစားသမားဟောင်း ဒန်နီမေးလ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : AS English

မန်စီးတီးအသင်းဟာ ဒီနှစ်ရဲ့နွေစျေးကွက်မှာ နောက်ခံကစားသမားသစ်တွေဖြစ်တဲ့ ရူဘင်ဒီယက်စ်နဲ့ နာသန်အကီတို့ကို ခေါ်ယူအားဖြည့်ခဲ့ပြီး အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်ကိုုသာ ပြင်ဆင်ခဲ့ပါတယ်။ တကယ်တော့ လာမယ့်နှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အသင်းရဲ့သွင်းဂိုးအများဆုံး တိုက်စစ်မှူးကြီး အဂူရိုရဲ့နေရာအတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကိုပါ ရေရှည်စီမံကိန်းတစ်ရပ်အနေနဲ့ ခေါ်ယူသင့်တာကို လစ်လျူရှခဲ့ပြီး ခံစစ်ပိုင်းကိုပဲ အဓိကထားပြုပြင်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မန်စီးတီးကစားသမားဟောင်း ဒန်နီမေးလ်က “အဂူရိုနေရာကို အစားထိုးဖို့ဆိုတာက မန်စီးတီးအသင်းအတွက်တော့ အခက်ခဲဆုံးသော ကိစ္စတစ်ခုပါ”

Photo Credit : Manchester Evening News

“ဂါဘရီရယ်ဂျေဆူးဆိုတာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီးတော့ တကယ့်ကို ကြိုးစားမှုရှိသူဆိုပေမယ့် သူက အဂူရိုလို ဖြစ်လာနိုင်ဖို့ မလွယ်သလို အသင်းအတွက် အဂူရို ပါဝင်ကစားနိုင်ခြင်းမရှိတဲ့ အချိန်ကာလက ကြာမြင့်လာတာနဲ့အမျှ ကျွန်တော်တို့တွေ စိုးရိမ်စိတ်တွေ ဝင်လာခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့လက်ရှိပြသာနာတစ်ခုဖြစ်တဲ့ ခံစစ်ပိုင်းယိုယွင်းမှုအတွက် ဒီယက်စ်ကို ဦးစားပေးခေါ်ယူခဲ့ခြင်းက မှန်ကန်တဲ့လုပ်ရက်လို့ ကျွန်တော်မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ခံစစ်ပိုင်း ယိုယွင်းမှုက မနှစ်က ဘောလုံးရာသီမှာ သူတို့အသင်းအတွက် အတော်လေးကို ဒုက္ခရောက်စေခဲ့ရလို့ပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာက သက်သေပါပဲ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး အသင်းရဲ့ခံစစ်ပိုင်းအားဖြည့်တင်းမှုကိုလည်း ထောက်ခံသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အသင်းရဲ့အဓိကနောက်ခံလူဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီးနောက်ပိုင်းကတည်းက ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိလာခဲ့ရသလို မနှစ်က ဘောလုံးရာသီမှာလည်း ဗဟိုခံစစ်ကစားမားတွေကို မခေါ်ယူနိုင်ခဲ့လို့ အသင်းက ရလဒ်တွေ ဆိုးရွှားခဲ့ရပါတယ်။ ဒါကြောင့် ဒီနှစ်နွေစျေးကွက်မှာ မန်စီးတီးက ဘုန်းမောက်နောက်ခံလူ နာသန်အကီနဲ့ ဘင်ဖီကာနောက်ခံလူ ရူဘင်ဒီယက်စ်တို့ကို ခေါ်ယူထားခဲ့ရတာဖြစ်ပါတယ်။