MySport Myanmar

နစ္စတဲလ်ရွိုင်းသာ နည်းပြသစ် ဖြစ်လာရင် ယူနိုက်တက်ဆီ ပြန်လာမယ့် မူလန်စတင်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်းကြီး ဆာ အဲလက်စ် ဖာဂူဆန် လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ မူလန်စတင်းဟာ လက်ရှိ အသင်းမှာ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းကိုသာ နည်းပြသစ် ခန့်အပ်မယ်ဆိုရင် သူလည်း ယူနိုက်တက်ဆီ ပြန်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး နစ္စတဲလ်ရွိုင်းက လက်ရှိမှာ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေရင်း တန်ဟက်ဂ်က အသင်းမှာ အခြေအနေ သိပ်မကောင်းတော့ချိန်မှာ တန်ဟက်ဂ်နေရာ အစားထိုး ဝင်ရောက်နိုင်မယ့်သူအဖြစ် အလွန် ရေပန်းစားနေရပါတယ်။

Photo Credit : United in focus

နစ္စတဲလ်ရွိုင်းကလည်း ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နယ်သာလန် လက်ထောက်နည်းပြ PSV အသင်းရဲ့ ယူ-၁၇ ယူ-၁၉နဲ့ စီနီယာအသင်းတွေအတွက်ပါ နည်းပြအဖြစ်လည်း ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ နစ္စတဲလ်ရွိုင်းက PSV အသင်းကြီးကို ကိုင်တွယ်ခဲ့စဉ်ကလည်း ပြည်တွင်းရှုံးထွက်ဖလားနဲ့ စူပါဖလားတို့ကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။

လက်ရှိ သူ့အသင်းဟောင်း ယူနိုက်တက်မှာ တန်ဟက်ဂ်ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ နစ္စတဲရွိုင်းဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေ များနေတဲ့ တန်ဟက်ဂ်နေရာအတွက် ယာယီနည်းပြအဖြစ် အစားဝင်ရောက်လာခြေ အလွန်များနေပြီး ကစားသမားတွေကလည်း နစ္စတဲလ်ရွိုင်းလို အသင်းရဲ့ ကစားသမားဟောင်းကြီး လက်အောက်မှာ အလုပ်လုပ်ချင်နေကြပါတယ်။

Photo Credit : Wales Online

တကယ်လို့ ယူနိုက်တက်အနေနဲ့ တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီး သူရဲ့လက်ထောက်နည်းပြ နစ္စတဲလ်ရွိုင်းကိုသာ နည်းပြအဖြစ် ခန့်အပ်မယ်ဆိုရင်တော့ တချိန်က ယူနိုက်တက်မှာ နည်းပြကြီး ဖာဂူဆန်နဲ့ အလုပ်တွဲလုပ်ဖူးတဲ့ မူလန်စတင်းကလည်း ယူနိုက်တက်ဆီ ပြန်လာဖို့ ရှိနေပါတယ်။

အသက် (၆၀)အရွယ်တောင် ရှိနေပြီဖြစ်တဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြဟောင်း မူလန်စတင်းဟာ ယူနိုက်တက်မှာ ဆယ်စုနှစ်တစ်ခုလောက်အထိ အလုပ်လုပ်ခဲ့ဖူးပြီး ဘောလုံး အတွေ့အကြုံပေါင်းများစွာ ကြွယ်ဝသူလည်းဖြစ်လို့ ယူနိုက်တက်မှာ နစ္စတဲလ်ရွိုင်းနဲ့အတူ လက်တွဲဖြစ်မယ်ဆိုရင် ယူနိုက်တက်အတွက် ပိုပြီး အကျိုးရှိလာနိုင်ပါတယ်။

Exit mobile version