MySport Myanmar

အသက်လက်တီကို ဘယ်နောက်ခံလူ လိုဒီကိုပါ ထပ်မံ ခေါ်ယူလိုက်ပြန်တဲ့ နော်တင်ဟမ်

နွေဈေးကွက်ထဲမှာ ကစားသမားသစ်တွေကို တပြုံကြီး ခေါ်ယူဖြည့်တင်းနေတဲ့ ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်ဖောရက်စ်ဟာ အခုလည်း အသက်လက်တီကိုမက်ဒရစ်ရဲ့ ဘယ်နောက်ခံကစားသမား ရီနန်လိုဒီကိုပါ ထပ်မံ ခေါ်ယူဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

နှစ်ပေါင်း (၂၃)နှစ်အကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းခွင့် ရရှိခဲ့တဲ့ ဥရောပချန်ပီယံဟောင်း နော်တင်ဟမ်အသငး်ဟာ နွေဈေးကွက်ထဲမှာ မထင်မှတ်ပဲ ကစားသမား ဖြည့်တင်းမှုများစွာကို လုပ်ဆောင်ထားလျက် ရှိနေရာ အခုဆိုရင်ပဲ သူတို့ ခေါ်ယူထားတဲ့ ကစားသမား အရေအတွက်က (၁၇)ယောက်အထိကို ရှိနေရပါတယ်။ ဒီလို အရေအတွက်များစွာ ရှိနေပေမယ့်လည်း နော်တင်ဟမ်ဘက်က ကစားသမား ခေါ်ယူမှုကို အဆုံးသတ်ဖွယ် မရှိသေးပဲ အသက်လက်တီကိုနဲ့ လမ်းခွဲတော့မယ့် ရီနန်လိုဒီကိုပါ ထပ်မံကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : BeSoccer

အသက်(၂၄)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးူစင် ဘယ်နောက်ခံလူ လိုဒီဟာ ၂၀၁၉ခုနှစ်ကတည်းက အသက်လက်တီကိုအသင်းဆီ ရောက်ရှိနေခဲံ့တာဖြစ်ပြီး အသင်းနဲ့ (၃)ရာသီ ဖြတ်သန်းထားခဲ့သလို ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၁၁၈)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဘယ်ခြမ်းခံစစ်နဲ့ ကွင်းလယ်ဘယ်ခြမ်း နေရာတွေမှာ ပါဝင်ကစားတတ်သူ လိုဒီဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ အသက်လက်တီကိုအတွက် ကစားခွင့် လုံးဝမရသေးတဲ့အပြင် အသင်းဘက်က သူ့ကို ရောင်းချပြီး စပါးအသင်းရဲ့ စပိန် left-back ကစားသမား ရယ်ဂီလွန်နဲ့ အစားထိုးဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ လိုဒီကို နော်တင်ဟမ်အသင်းက ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ရာ အခုဆိုရင် ကစားသမား အသင်းတို့နဲ့ သဘောတူညီမှု အပြည့်အဝကို ရရှိသွားခဲ့ပြီြုဖစ်သလို ကနဦး တစ်ရာသီအငှားနဲ့ ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းအနေနဲ့ ဘရာဇီးလ် left-back ကစားသမား လိုဒီကို အငှားခေါ်ယူခွင့်အဖြစ် ယူရို(၅)သန်း ပေးချေသွားမှာဖြစ်ပြီး အငှားသက်တမ်း ပြည့်မြောက်သွားချိန်မှာတော့ ယူရိုသန်း(၃၀)နဲ့ အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နော်တင်ဟမ်အသင်းဟာ နွေဈေးကွက်ထဲမှာ ဘယ်ခြမ်းခံစစ် နေရာအတွက် ကစားသမားသစ် (၂)ဦးအထိ ခေါ်ယူထားခဲ့ပေမယ့်လည်း ဘိုင်ယန်ကနေ ခေါ်ယူထားတဲ့ အိုမာရစ်ချတ်က ဒဏ်ရာရနေတာကြောင့် တော့ဖ်ဖိုလို တစ်ဦးတည်းကိုသာ အသုံးပြုနေရတဲ့အတွက် left-back နေရာမှာ ဒီကစားသမားတွေထက် ပိုမို အရည်အသွေး မြင့်မားတဲ့ ကစားသမားဖြစ်သူ လိုဒီနဲ့ ထပ်မံ ဖြည့်တင်းသွားချင်နေတာ ဖြစ်ပါတယ်။

Exit mobile version