ဘရာဇီးထိပ်သီးကလပ် ဖလာမင်ဂိုအသင်းရဲ့ဘရာဇီးကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ ရေနီယာကတော့ အခုဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ပြီး ၂၀၂၆ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖြစ်ခဲ့တယ်လို့ တနင်းလာနေ့က အသင်းဝက်ဆိုဒ်ကနေ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကစားသမားလေးကို ရီးရဲလ်ကနေ မခေါ်ယူခဲ့စဉ်တုန်းက ဥရောပထိပ်သီးအသင်းပေါင်းများစွာကနေ ဝိုင်းစိတ်ဝင်စားခဲ့ကြပြီး ဒီအသင်းတွေထဲကမှ ရီးရဲလ်ရဲ့ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းဆီကို ရောက်ရှိဖို့အထိ နီးစပ်ခဲ့သေးတယ်လို့ ရေနီယာရဲ့ဖခင်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

အခုလို သားဖြစ်သူကို ရီးရဲလ်အသင်းဆီ ပို့ဆောင်ပေးနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ရေနီယာရဲ့ဖခင်က “ရီးရဲလ်လို အသင်းမျိုးကို ကျွန်တော့်သားကို ခေါ်ယူချင်နေတယ်လို့ ကြားသိရခြင်းမှာ မယုံကြည်နိုင်လောက်အောင် အံ့သြဝမ်းမြောက်မိပါတယ်။ အသင်းတွေအားလုံးထဲကမှ ရီးရဲလ်ကို ရွေးချယ်ခဲဲ့တာ မှန်ကန်တယ်ဆိုတာကို ရေနီယာက သက်သေပြပါလိမ့်မယ်။ ဒီကို မရောက်ခင်က ဘာစီလိုနာအသင်းရဲ့ ဆက်သွယ်မှုတွေကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ရဲ့ကမ်းလှမ်းမှုက ရီးရဲလ်အသင်းလောက် ခိုင်မာမှုမရှိပါဘူး။ မသေချာမရေရာမှုတွေနဲ့မို့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ရတာပါ။ ဒါ့အပြင် ဂျုဗင်တပ်စ် လီဗာပူးလ် အာဆင်နယ် ဒေါ့မွန် အေဂျက်စ်တို့ဆီကိုလည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပါသေးတယ်”

Photo Credit : Getty Images

“ကျွန်တော်သားရဲ့ကစားဟန်က ရိုဒရီဂို ဗင်နီဆီယပ်စ်တို့နဲ့ မတူညီပါဘူး။ ကျွန်တော်ကတော့ ရိုဒရီဂိုရဲ့ခြေစွမ်းကို ပိုသဘောကျပါတယ်။ သူရဲ့အရည်အသွေးတွေနဲ့ ဦးနှောက်သုံးပြီး ဘောလုံးကစားတတ်တဲ့ သူ့ပုံစံကို သဘောကျတယ်။ ဒါပေမယ့် ရေနီယာကတော့ ကွင်းလယ်ကစားသမားတစ်ယောက်ထက် ပိုကစားနိုင်တယ်။ ကာကာရဲ့ကစားပုံနဲ့ အတော်လေးဆင်တူပါတယ်။ ဖလာမင်ဂိုမှာတုန်းကလည်း ရေနီယာအတွက် အတွေ့အကြုံကောင်းတွေများစွာ ပိုင်ဆိုင်ခဲ့ပါသေးတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဘရာဇီးယူ-၂၃အသင်းရဲ့ ကစားသမားဖြစ်တဲ့ ရေနီယာဟာ မကြာသေးခင်ကမှ အသက်၁၈နှစ်ပြည့်ထားသူဖြစ်ပြီးတော့ ရီးရဲလ်ကို ဖလာမင်ဂိုကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း၃၀ဝန်းကျင်လောက်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ကာ ရီးရဲလ်လူငယ်အသင်းမှာ စတင်ကစားရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

(Zawgyi)

ရီးရဲလ္ကုိမေရာက္ခင္ ဘာစီလုိနာနဲ႔ ခ်ိတ္ဆက္မိခဲ႔ေသးတဲ႔ ဘရာဇီးၾကယ္ပြင့္ေလး

ဘရာဇီးထိပ္သီးကလပ္ ဖလာမင္ဂုိအသင္းရဲ႕ဘရာဇီးၾကယ္ပြင့္ကစားသမားေလးျဖစ္တဲ႔ ေရနီယာကေတာ့ အခုဆုိရင္ ရီးရဲလ္မက္ဒရစ္အသင္းဆီကုိ ေျပာင္းေရႊ႕ႏုိင္ခဲ႔ၿပီျဖစ္ၿပီး ၂၀၂၆ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆုိျဖစ္ခဲ့တယ္လုိ႔ တနင္းလာေန႔က အသင္းဝက္ဆုိဒ္ကေန တရားဝင္ထုတ္ျပန္ေၾကညာခဲ႔ပါတယ္။ ဒီကစားသမားေလးကုိ ရီးရဲလ္ကေန မေခၚယူခဲ႔စဥ္တုန္းက ဥေရာပထိပ္သီးအသင္းေပါင္းမ်ားစြာကေန ဝုိင္းစိတ္ဝင္စားခဲ႔ၾကၿပီး ဒီအသင္းေတြထဲကမွ ရီးရဲလ္ရဲ႕ခါးသီးၿပိဳင္ဘက္ ဘာစီလုိနာအသင္းဆီကုိ ေရာက္ရွိဖုိ႔အထိ နီးစပ္ခဲ႔ေသးတယ္လုိ႔ ေရနီယာရဲ႕ဖခင္က ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Getty Images

အခုလုိ သားျဖစ္သူကုိ ရီးရဲလ္အသင္းဆီ ပုိ႔ေဆာင္ေပးႏုိင္ခဲ႔တာနဲ႔ပတ္သက္ၿပီး ေရနီယာရဲ႕ဖခင္က “ရီးရဲလ္လုိ အသင္းမ်ိဳးကုိ ကြ်န္ေတာ့္သားကုိ ေခၚယူခ်င္ေနတယ္လုိ႔ ၾကားသိရျခင္းမွာ မယုံၾကည္ႏုိင္ေလာက္ေအာင္ အံ့ၾသဝမ္းေျမာက္မိပါတယ္။ အသင္းေတြအားလုံးထဲကမွ ရီးရဲလ္ကုိ ေရြးခ်ယ္ခဲဲ႔တာ မွန္ကန္တယ္ဆုိတာကို ေရနီယာက သက္ေသျပပါလိမ့္မယ္။ ဒီကုိ မေရာက္ခင္က ဘာစီလုိနာအသင္းရဲ႕ ဆက္သြယ္မႈေတြကုိလည္း ရရွိခဲ့ပါေသးတယ္။ ဒါေပမယ့္ သူတုိ႔ရဲ႕ကမ္းလွမ္းမႈက ရီးရဲလ္အသင္းေလာက္ ခုိင္မာမႈမရွိပါဘူး။ မေသခ်ာမေရရာမႈေတြနဲ႔မုိ႔ အေျပာင္းအေရႊ႕က ျဖစ္မလာခဲ႔ရတာပါ။ ဒါ့အျပင္ ဂ်ဳဗင္တပ္စ္ လီဗာပူးလ္ အာဆင္နယ္ ေဒါ့မြန္ ေအဂ်က္စ္တုိ႔ဆီကုိလည္း ခ်ိတ္ဆက္မႈေတြ ရွိခဲ႔ပါေသးတယ္”

Photo Credit : Getty Images

“ကြ်န္ေတာ္သားရဲ႕ကစားဟန္က ရုိဒရီဂုိ ဗင္နီဆီယပ္စ္တုိ႔နဲ႔ မတူညီပါဘူး။ ကြ်န္ေတာ္ကေတာ့ ရုိဒရီဂုိရဲ႕ေျခစြမ္းကုိ ပုိသေဘာက်ပါတယ္။ သူရဲ႕အရည္အေသြးေတြနဲ႔ ဦးေႏွာက္သုံးၿပီး ေဘာလုံးကစားတတ္တဲ႔ သူ႔ပုံစံကုိ သေဘာက်တယ္။ ဒါေပမယ့္ ေရနီယာကေတာ့ ကြင္းလယ္ကစားသမားတစ္ေယာက္ထက္ ပုိကစားႏုိင္တယ္။ ကာကာရဲ႕ကစားပုံနဲ႔ အေတာ္ေလးဆင္တူပါတယ္။ ဖလာမင္ဂုိမွာတုန္းကလည္း ေရနီယာအတြက္ အေတြ႕အႀကံဳေကာင္းေတြမ်ားစြာ ပုိင္ဆုိင္ခဲ႔ပါေသးတယ္” လုိ႔ ရွင္းလင္းေျပာဆုိခဲ႔ပါတယ္။ ဘရာဇီးယူ-၂၃အသင္းရဲ႕ ကစားသမားျဖစ္တဲ႔ ေရနီယာဟာ မၾကာေသးခင္ကမွ အသက္၁၈ႏွစ္ျပည့္ထားသူျဖစ္ၿပီးေတာ့ ရီးရဲလ္ကုိ ဖလာမင္ဂုိကေန ေျပာင္းေရႊ႕ေၾကး ယူရုိသန္း၃၀ဝန္းက်င္ေလာက္နဲ႔ ေရာက္ရွိလာခဲ႔တာျဖစ္ကာ ရီးရဲလ္လူငယ္အသင္းမွာ စတင္ကစားရမွာျဖစ္တယ္လုိ႔ သိရွိရပါတယ္။