ပီအက်စ်ဂျီအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားဖြစ်သူ အန်ဒါဟာရဲရားက မနေ့ညက အယ်တီဟတ်ကွင်းမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွင်း ဒီပွဲရဲ့ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူဆောင်ရွှက်ခဲ့တဲ့ နယ်သာလန်လူမျိုး ဒိုင်လူကြီးကိုက်ပါစ်က သူရဲ့အသင်းဖော် လီယိုနာဒိုပါရေဒက်စ်ကို ရိုင်းဆိုင်းရင့်သီးလွန်းတဲ့ စကားတစ်ခွန်းကို ပြောဆိုဆက်ဆံသွားခဲ့တယ်လို့ ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : talkSPORT

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပထမအကျော့ကတည်းက ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီးကပဲ မာရက်ဇ်ရဲ့သွင်းဂိုးတွေနဲ့ ထပ်မံအနိုင်ယူပြီး ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ဗိုလ်လုပွဲတတ်ထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီကတော့ မန်စီးတီးအသင်းကို ဘယ်လိုမှ ယှဉ်မကစားနိုင်တဲ့အပြင် (၂)ဂိုးပြတ် အရှံးကြောင့်လည်း ကစားသမားတွေရဲ့ စိတ်တွေက ပေါက်ကွဲလွယ်နေခဲ့ရပြီး တောင်ပံကစားသမား ဒီမာရီယာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ကစားသမားအများစုမှာလည်း အဝါကတ်ပြသခံခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီပွဲကို တာဝန်ယူခဲဲ့တဲ့ နာမည်ကျော်ကွင်းလယ်ဒိုင် ကိုက်ပါစ်ရဲ့ ဆုံးဖြတ်ချက်တွေ ကစားသမားတွေအပေါ် ပြောဆိုဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီကွင်းလယ်လူ ဟာရဲရားက “ကွင်းလယ်ဒိုင်က ပါရေဒက်စ်ကို ရင့်သီးရိုင်းဆိုင်းတဲ့ စကားလုံးကို အသုံးပြုပြီး ထွက်သွားဖို့ ပြောဆိုခဲ့တယ်။ ကျွန်တော်တို့ဘက်ကနေသာ ဒီစကားလုံးကို သုံးလိုက်မိမယ်ဆိုရင်တော့ အနည်းဆုံး(၄)ပွဲလောက် ပွဲပယ်ပြစ်ဒဏ် ကျခံရမှာ” လို့ RMC Sport နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့ပွဲစဉ်မှာ အဝါကတ်ပြား ပြသခံခဲ့ရတဲ့ နောက်ထပ်ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဗာရက်တီကလည်း “ကွင်းလယ်ဒိုင်က ကျွန်တော့်ကို Fuck You ဆိုပြီး အကြိမ်အနည်းငယ်လောက်ကို ပြောဆိုခဲ့ပါတယ်။ ကျွန်တော်သာ အဲ့ဒီစကားလုံးမျိုးနဲ့ ဒိုင်လူကြီးကို ပြန်ပြောမိမယ်ဆိုရင်တော့ (၁၀)ပွဲလောက်အထိကို အပယ်ခံရမှာ။ ဒီနေ့ပွဲမှာ ကျွန်တော်ဘက်က ကွင်းလယ်ဒိုင်ကို စကားလုံးများစွာနဲ့ စောဒကတတ်ခဲ့မိတာကတော့ အမှန်ပါ။ ဒါပေမယ့် သူကျွန်တော့်ကို ပြောဆိုခဲ့တဲ့ စကားလုံးမျိုးကို ကျွန်တော်လုံးဝမပြောမိခဲ့ပါဘူး” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီပွဲစဉ်မှာ အနီကတ်(၁)ကတ် အဝါကတ် (၄)ကတ်အထိကို ပြသခံခဲ့ရပါတယ်။