ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ဟာ အေစီမီလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွင်း ရရှိသွားခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အခုဆိုရင် ရက်သတ္တပတ် (၈)ပတ်ခန့်လောက်အထိ အနားယူသွားရနိုင်တယ်လို့ ချယ်လ်ဆီးအသင်းဘက်က ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Premier League News

ချယ်လ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ဂျိမ်းစ်ဟာ သူရဲ့ ဒူးဒဏ်ရာနဲ့ ပတ်သတ်ပြီး ဒီတစ်ပတ် weekend မှာ အထူးကုဆရာဝန်တစ်ဦးဆီ သွားရောက်ခဲ့ပြီး ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ ဂျိမ်းစ်အနေနဲ့ ဒဏ်ရာကနေ အသေအချာ သက်သာ ပျောက်ကင်းနိုင်ဖို့အတွက် (၈)ပတ်ကြာလောက်အထိ အနားယူရတော့မယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Sport190

ဒီအခြေအနေဟာ world cup မတိုင်ခင် ပြွတ်သိပ်နေတဲ့ fixtures တွေကို ဖြတ်သန်းရမယ့် ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့ရသလို လာမယ့် တစ်လစွန်းစွန်းလောက်မှာ world cup ကို ဆင်နွဲရတော့မယ့် အင်္ဂလန်အသင်းအတွက် right-back နေရာကို injury lists ထဲ ဝေါ်ကာအပြင် ရီးစ်ဂျိမ်းစ်ပါ ထပ်တိုးလာလို့ ဆောက်ဂိတ်အတွက် ခေါင်းခဲရဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခွင့်ရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဂျိမ်းစ်အနေနဲ့ သေချာပေါက် လွဲချော်ရတော့မယ့် အခြေအနေဆိုးမျိုး ဖြစ်နေခဲ့ရပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားလေး ဂျိမ်းစ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲ ပါဝင်ကစားထားနိုင်ခဲ့ပြီး (၂)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။