လီဗာပူးလ္အသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ပဲြစဥ္မွာ ဆာလတ္ နဲ႔ မာေနးတုိ႔ရဲ႕ သြင္းဂုိးေၾကာင့္ ရွက္ဖီးလ္ယူႏုိက္တက္အသင္းကုိ (၂-၀) နဲ႔ အႏုိင္ယူခဲ့ၿပီး ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ (၁) ႏွစ္ၾကာ ရႈံးပဲြမရွိ စံခ်ိန္သစ္ကုိ ရရွိသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ (၂၀၁၈) ခုႏွစ္၊ ဇန္နဝါရီလ (၃) ရက္ေန႔က မန္စီးတီးအသင္းကုိ (၂-၁) နဲ႔ ေနာက္ဆုံးအႀကိမ္ ရႈံးခဲ့ၿပီး (၂၀၁၉) ခုႏွစ္ ဇန္နဝါရီလ (၃) ရက္မွာ ႏုိင္ပဲြရရွိခဲ့လုိ႔ (၁) ႏွစ္ၾကာ ပရီးမီးယားလိဂ္ ရႈံးပဲြမရွိ စံခ်ိန္သစ္ကုိ ရရွိသြားခဲ့ပါတယ္။

Photo Credit: Gettyimage

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ (၁) ႏွစ္ၾကာ ရႈံးပဲြမရွိ စံခ်ိန္ကုိ ရရွိခဲ့တဲ့ တတိယ ေျမာက္အသင္း ျဖစ္ၿပီး၊ ရွက္ဖီးလ္အသင္းကုိ (၂-၀) ရလဒ္နဲ႔ အႏုိင္ရရွိခဲ့တာေၾကာင့္ အမွတ္ေပး ဇယားကုိ (၁၃) မွတ္ ဦးေဆာင္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းကေတာ့ ပဲြကစားခ်ိန္ (၄) မိနစ္မွာ အီဂ်စ္ လက္ေရြးစင္ တုိက္စစ္မွဴး ဆာလတ္ရဲ႕ သြင္းဂုိးနဲ႔ ေစာေစာစီးစီး စတင္ ဦးေဆာင္သြားၿပီး ဒုတိယပုိင္း (၆၄) မိနစ္မွာ မာေနးရဲ႕ အပိတ္ဂုိးေၾကာင့္ (၂-၀) ရလ္နဲ႔ အႏုိင္ရရွိသြားခဲ့ပါတယ္။

Photo Credit: Gettyimage

ရွက္ဖီးလ္ ကြင္းလယ္ ကစားသမား ေလာင္းစထရမ္ဟာ ပဲြကစားခ်ိန္ (၁၄) မိနစ္မွာ ဆာလတ္ရဲ႕ သြင္းဂုိးကုိ ေခ်ပဂုိး ျပန္သြင္းႏုိင္ခဲ့ေပမဲ့လည္း စည္းၾကပ္ဒုိင္က လူကြ်န္တယ္လုိ႔ အလံေထာင္ခဲ့တာေၾကာင့္ ေခ်ပဂုိးကုိ ပယ္ဖ်က္ခဲ့ရပါတယ္။ လီဗာပူးလ္အသင္းရဲ႕ ကစားသမားအသစ္ျဖစ္သူ မီနာမီႏုိဟာ လီဗာပူးလ္အသင္းရဲ႕ ပဲြစဥ္ကုိ ပဲြၾကည့္စင္ကေန ၾကည့္ခဲ့ၿပီး၊ သူ႔ရဲ႕အသင္းသစ္က ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ ဘယ္ေလာက္ထိ ေျခစြမ္းေကာင္းလဲ ဆုိတာ ခံစားသြားခဲ့ရပါတယ္။

{Unicode}

လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆာလတ် နဲ့ မာနေးတို့ရဲ့ သွင်းဂိုးကြောင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းကို (၂-ဝ) နဲ့ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁) နှစ်ကြာ ရှုံးပွဲမရှိ စံချိန်သစ်ကို ရရှိသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့က မန်စီးတီးအသင်းကို (၂-၁) နဲ့ နောက်ဆုံးအကြိမ် ရှုံးခဲ့ပြီး (၂၀၁၉) ခုနှစ် ဇန်နဝါရီလ (၃) ရက်မှာ နိုင်ပွဲရရှိခဲ့လို့ (၁) နှစ်ကြာ ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန်သစ်ကို ရရှိသွားခဲ့ပါတယ်။

Photo Credit: Gettyimage

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁) နှစ်ကြာ ရှုံးပွဲမရှိ စံချိန်ကို ရရှိခဲ့တဲ့ တတိယ မြောက်အသင်း ဖြစ်ပြီး၊ ရှက်ဖီးလ်အသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေး ဇယားကို (၁၃) မှတ် ဦးဆောင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ပွဲကစားချိန် (၄) မိနစ်မှာ အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး ဆာလတ်ရဲ့ သွင်းဂိုးနဲ့ စောစောစီးစီး စတင် ဦးဆောင်သွားပြီး ဒုတိယပိုင်း (၆၄) မိနစ်မှာ မာနေးရဲ့ အပိတ်ဂိုးကြောင့် (၂-ဝ) ရလ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ရှက်ဖီးလ် ကွင်းလယ် ကစားသမား လောင်းစထရမ်ဟာ ပွဲကစားချိန် (၁၄) မိနစ်မှာ ဆာလတ်ရဲ့ သွင်းဂိုးကို ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့လည်း စည်းကြပ်ဒိုင်က လူကျွန်တယ်လို့ အလံထောင်ခဲ့တာကြောင့် ချေပဂိုးကို ပယ်ဖျက်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းရဲ့ ကစားသမားအသစ်ဖြစ်သူ မီနာမီနိုဟာ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ကနေ ကြည့်ခဲ့ပြီး၊ သူ့ရဲ့အသင်းသစ်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဘယ်လောက်ထိ ခြေစွမ်းကောင်းလဲ ဆိုတာ ခံစားသွားခဲ့ရပါတယ်။