လီဗာပူးလ္အသင္းကေန ဂႏၱဝင္ကစားသမားေဟာင္းႀကီး စတီဗင္ဂ်ရတ္ အနားယူသြားခဲ႔ၿပီးတဲ႔ေနာက္ အသင္းရဲ႕ကြင္းလယ္ပုိင္းမွာသာမကပဲ အသင္းေခါင္းေဆာင္တာဝန္ကုိပါ အေကာင္းဆုံးထမ္းေဆာင္ႏုိင္ခဲ႔တဲ႔ ေဂ်ာ္ဒန္ဟန္ဒါဆန္ကေတာ့ သူရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ ကလပ္အသင္းကုိ ၿပီးခဲ႔တဲ႔ႏွစ္အတြင္းမွာ ဆုဖလားေပါင္းမ်ားစြာ ပုိင္ဆုိင္ရေစခဲ႔သလုိ အဂၤလန္လက္ေရြးစင္အသင္းအတြက္ကုိလည္း ယူရုိေျခစစ္ပြဲေအာင္ျမင္ေစခဲ႔တာေၾကာင့္ အဂၤလန္ေဘာလုံးသမားေတြထဲကမွ တစ္ႏွစ္တာအတြင္း အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္သတ္မွတ္ခံလုိက္ရပါတယ္။

Photo Credit : AS English

ကြင္းလယ္ကစားသမား ဟန္ဒါဆန္ဟာ မႏွစ္က ေဘာလုံးရာသီမွာ လီဗာပူးလ္အသင္းနဲ႔အတူ ဥေရာပခ်န္ပီယံလိဂ္ဖလားႀကီးအျပင္ ဥေရာပစူပါဖလား ဖီဖာကလပ္ကမာၻ႕ဖလားတုိ႔ကုိ ဆက္တုိက္ပုိင္ဆုိင္ခဲ႔ရၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာလည္း ဒုတိယေနရာေအာင္ စြမ္းေဆာင္ႏုိင္ခဲ႔ပါတယ္။ ဒါ့အျပင္ ဒီႏွစ္ေဘာလုံးရာသီ ရာသီဝက္ခရီးေက်ာ္လြန္လာတဲ႔အထိ အသင္းကုိ လုံးဝရွံးပြဲဲမရွိေသးပဲ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္အျပတ္အသတ္နဲ႔ ဦးေဆာင္ႏုိင္ေအာင္ အဓိကေနရာကေန စြမ္းေဆာင္ေပးထားႏုိင္ခဲ႔ပါတယ္။

Photo Credit : The Sport Rush

ဒါေတြတင္မကေသးပဲ ဟန္ဒါဆန္ဟာ အဂၤလန္လက္ေရြးစင္အသင္းနဲ႔အတူ လက္ေရြးစင္ပြဲေပါင္း၅၀ျပည့္ေျမာက္ေအာင္ ကစားႏုိင္ခဲ႔ၿပီး အသင္းကုိလည္း ယူရုိ-၂၀၂၀ၿပိဳင္ပြဲအတြက္ ေျခစစ္ပြဲေအာင္ျမင္ေအာင္ လုပ္ေဆာင္ေပးႏုိင္ခဲ႔ပါတယ္။ ဒီလုိစြမ္းေဆာင္ရည္ေတြေၾကာင့္ပဲ ဟန္ဒါဆန္ကုိ အဂၤလန္ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္လုိက္ရတာျဖစ္ၿပီး ဒါဟာ ဟန္ဒါဆန္အတြက္ေတာ့ ပထမဆုံးအႀကိမ္ သတ္မွတ္ခံရတာျဖစ္တယ္လုိ႔ သိရွိရပါတယ္။ ၿပီးခဲ႔တဲ့ႏွစ္ေတြက ၂ႏွစ္ဆက္တုိက္ အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ႔ရတဲ႔ စပါးတုိက္စစ္မွဴး ဟာရီကိန္းကေတာ့ ဒီႏွစ္မွာ တတိယေနရာပဲ ပုိင္ဆုိင္ခဲ႔ရသလုိ မန္စီးတီးေတာင္ပံတုိက္စစ္ကစားသမား ရာဟင္စတာလင္းကေတာ့ ဒုတိယေနရာမွာ ရပ္တည္ေနခဲ႔ပါတယ္။ ၂၀၀၃ခုႏွစ္ကေန ႏွစ္စဥ္ႏွစ္တုိင္း ျပဳလုပ္ေပးေနတဲ႔ အဂၤလန္ရဲ႕တစ္ႏွစ္တာအေကာင္းဆုံး ေဘာလုံးသမားဆုကုိ မန္ခ်က္စတာယူႏုိက္တက္ အဲဗာတန္အသင္းတုိ႔ရဲ႕ကစားသမားေဟာင္းႀကီး ဝိန္းရူနီက ၄ႀကိမ္နဲ႔ အႀကိမ္ေရအမ်ားဆုံးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

(Unicode)

အင်္ဂလန်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဟန်ဒါဆန်

လီဗာပူးလ်အသင်းကနေ ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ် အနားယူသွားခဲ့ပြီးတဲ့နောက် အသင်းရဲ့ကွင်းလယ်ပိုင်းမှာသာမကပဲ အသင်းခေါင်းဆောင်တာဝန်ကိုပါ အကောင်းဆုံးထမ်းဆောင်နိုင်ခဲ့တဲ့ ဂျော်ဒန်ဟန်ဒါဆန်ကတော့ သူရဲ့စွမ်းဆောင်ရည်တွေနဲ့ ကလပ်အသင်းကို ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်ရစေခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကိုလည်း ယူရိုခြေစစ်ပွဲအောင်မြင်စေခဲ့တာကြောင့် အင်္ဂလန်ဘောလုံးသမားတွေထဲကမှ တစ်နှစ်တာအတွင်း အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်သတ်မှတ်ခံလိုက်ရပါတယ်။

Photo Credit : AS English

ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ မနှစ်က ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားကြီးအပြင် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆက်တိုက်ပိုင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ဘောလုံးရာသီ ရာသီဝက်ခရီးကျော်လွန်လာတဲ့အထိ အသင်းကို လုံးဝရှံးပွဲဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ်အပြတ်အသတ်နဲ့ ဦးဆောင်နိုင်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : The Sport Rush

ဒါတွေတင်မကသေးပဲ ဟန်ဒါဆန်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ လက်ရွေးစင်ပွဲပေါင်း၅၀ပြည့်မြောက်အောင် ကစားနိုင်ခဲ့ပြီး အသင်းကိုလည်း ယူရို-၂၀၂၀ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကြောင့်ပဲ ဟန်ဒါဆန်ကို အင်္ဂလန်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်လိုက်ရတာဖြစ်ပြီး ဒါဟာ ဟန်ဒါဆန်အတွက်တော့ ပထမဆုံးအကြိမ် သတ်မှတ်ခံရတာဖြစ်တယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ၂နှစ်ဆက်တိုက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းကတော့ ဒီနှစ်မှာ တတိယနေရာပဲ ပိုင်ဆိုင်ခဲ့ရသလို မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်းကတော့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ကနေ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ပေးနေတဲ့ အင်္ဂလန်ရဲ့တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို မန်ချက်စတာယူနိုက်တက် အဲဗာတန်အသင်းတို့ရဲ့ကစားသမားဟောင်းကြီး ဝိန်းရူနီက ၄ကြိမ်နဲ့ အကြိမ်ရေအများဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။