MySport Myanmar

ရိုက်စ်ကြောင့် အာဆင်နယ်က စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ရက်ဒ်နပ် သုံးသပ်

ဘောလုံးနည်းပြဟောင်းကြီး တစ်ဦးဖြစ်သူ ဟာရီ ရက်ဒ်နပ်က ဝက်စ်ဟမ်းရဲ့ အင်္ဂလန် ကြယ်ပွင့် ဒက်ကလန် ရိုက်စ်ကို ခေါ်ယူလိုက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကို အနီးကပ် ဖိအားပေးနိုင်မယ့် အသင်း ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်း ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် အချိန်အတန်ကြာ ရပ်တည်နိုင်ခဲ့ပြီးမှ ရာသီကုန်မှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ဒီဈေးကွက်ထဲမှာ ပြင်ဆင်မှုတွေ အားကောင်းလျက် ရှိနေပြီး ကွင်းလယ်ပိုင်းအတွက် ဒက်ကလန် ရိုက်စ်ကိုပါ ကလပ်စံချိန်တင် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးတို့နဲ့ ခေါ်ယူခဲ့ကာ ချယ်လ်ဆီးရဲ့ ဂျာမန် ကစားသမား ဟာဗက်ဇ် နဲ့ အေဂျက်စ် နောက်ခံလူ တင်းဘားတို့ကို ခေါ်ယူထားခဲ့ပါသေးတယ်။

Photo Credit : Daily Mail

“ဝက်စ်ဟမ်းက ရိုက်စ်ကို နောက်ထပ် (၂)နှစ်လောက်ကြာအောင် ဆက်ထိန်းထားဖို့ ကျွန်တော် မျှော်လင့်ခဲ့သေးပါတယ်။ ဒါပေမယ့် သူက လာမယ့် ရာသီမှာ အာဆင်နယ်အသင်းကို မန်စီးတီးရဲ့အထက် ရပ်တည်စေနိုင်အောင် စွမ်းဆောင်ရည် တိုးတက်လာစေမှာ သေချာပါတယ်။ ဒါ လွယ်တော့ မလွယ်ဘူးပေါ့။ စီးတီးက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်း ဖြစ်နေဦးမှာပါ။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းက ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ထားတာမို့ သူတို့ ပို အားကောင်းလာမယ်လို့ ထင်ပါတယ်။ အာဆင်နယ်က မန်ချက်စတာ စီးတီးအတွက် အဓိက စိန်ခေါ်နိုင်မယ့် အသင်းလို့ ကျွန်တော် မြင်မိပါတယ်။” ဆိုပြီး စပါးနည်းပြဟောင်းကြီး ရက်ဒ်နပ်က သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ရိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၀၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်မှာက ရိုက်စ်ရဲ့ လက်ရွေးစင် အသင်းဖော်တွေလည်း ရှိနေတာမို့ ရိုက်စ်က အာဆင်နယ်မှာ အလျင်အမြန် အထိုင်ကျသွားလိမ့်မယ်လို့ ရက်ဒ်နပ်က မှတ်ချက်ပြုထားခဲ့ပါသေးတယ်။

Exit mobile version